ခေါင်းဆောင်မှုကဏ္ဍတွင် မွန်အမျိုးသမီးများ ပိုမိုပါဝင်လာကြရန် နှိုးဆော်

0
456

မွန်အမျိုးသမီးများအနေဖြင့် ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချ သည့်ကဏ္ဍများတွင် ပိုမိုပါဝင်လာကြရန် (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများ နေ့တွင် မွန်အမျိုးသမီးအဖွဲ့အစည်းများ က တိုက်တွန်းနှိုးဆော်လိုက်သည်။

လက်ရှိတွင် ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ချက်ချသည့်ကဏ္ဍတို့တွင် မွန်အမျိုးသမီးပါဝင်မှု အလွန်နည်းပါး နေသေးသည့် အနေအထားရှိနေသည် ဟု (၁၆) ကြိမ်မြောက် မွန်အမျိုးသမီးများ နေ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မိကွန်းချမ်းနွန်က ပြောသည်။

မွန်ညီညွတ်ရေးပါတီတွင် ဦးဆောင် ကော်မတီ ၆၁ ဦးရှိသည့်အနက် အမျိုး သမီး ၈ ဦးသာ ပါဝင်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းသာ ရှိပြီး မွန်ပြည်သစ်ပါတီတွင်လည်း ဗဟို ကော်မတီ ၃၁ ဦးတွင် အမျိုးသမီး ၂ ဦးသာ ပါကြောင်း မိကွန်းချမ်းနွန်းက ပြောသည်။

”ကျွန်မတို့အနေနဲ့ကတော့ အခု လက်ရှိ ပါဝင်နေတဲ့ အခြေအနေအပေါ် အားရကျေနပ်မှု မရှိသေးပါဘူး။ ဒီထက် ပိုမို ပါဝင်လာဖို့အတွက် နည်းမျိုးစုံနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်ဖို့ လိုနေတယ်” ဟု ၎င်းက ပြောသည်။

ခေါင်းဆောင်မှုကဏ္ဍကို ဦးဆောင် နိုင်သည့် မွန်အမျိုးသမီး များစွာရှိနေ သည်ဟုလည်း မိကွန်းချမ်းနွန်က ပြော သည်။

ခေါင်းဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ် ချက်ချသည့်ကဏ္ဍတို့တွင် မွန်အမျိုးသမီး ပါဝင်မှု နည်းပါးနေရခြင်းသည် ဓလေ့ ထုံးတမ်း အစဉ်အလာနှင့် အမျိုးသမီးတို့ ၏ စွမ်းရည်ကြောင့်ဟု မွန်အမျိုးသမီး ကွန်ရက်မှ မိချယ်ရီစိုးက ပြောသည်။

တပေါင်းလဆန်း ၁၂ ရက်နေ့ (မတ် လ ၅ ရက်)တွင် ကျရောက်သည့် မွန် အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်း အနားကို မော်လမြိုင်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်၊ မွန်အမျိုးသမီးအဖွဲ့အစည်းများ၊ မွန်ပြည် သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်လူမှု အဖွဲ့အစည်းအသီးသီးတို့က တက်ရောက် ခဲ့ကြသည်။

မွန်ဘုရင်မ ရှင်စောပု၏ မွေးနေ့ ဖြစ်သည့် တပေါင်းလဆန်း (၁၂) ရက် ကို မွန်အမျိုးသမီးများနေ့အဖြစ်သတ် မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကျင်ပလာခဲ့ သည်မှာ ယခုဆိုလျှင် ၁၆ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

Dawei Watch