မြေရှင်မှ မြေခွန်ပြေစာလာမယူက မြို့နယ်အုပ်ချုပ်ရေးသို့ တင်ပြနိုင်

0
549

ရပ်ကွက်အတွင်း မြေဝယ်ထားသူ များကမြို့မြေခ ပေးဆောင်ကြောင်းပြေစာများကိုလာမယူပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးအနေဖြင့် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးသို့တင်ပြနိုင်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေ နှင့်ပိုင်ရှင်ရှာမတွေ့သည့် မြေခွန်စာရွက် များကို စာရင်းအတိအကျပြုစုကာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ပြန်လည်တင်ပြရ မည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

“သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး မှူးရုံးကို မြေခွန်တွေနဲ့ ပြန်အပ်ရမယ်။လက်ဝယ်ကိုင်ထားလို့မရဘူး။ ပြန်အပ် ပြီးတော့မှလာရွေးရင် ပြန်ထုတ်ပေါ့နော်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်၊ ဝဲကျွန်း မြို့သစ်တွင် ပိုင်ရှင်ရှာမတွေ့သည့် မြေကွက်များရှိနေရာ ၎င်းမြေကွက်များ ၏ မြေခွန်ပြေစာဖိုးကို မြို့နယ်က အကျေဆပ် ရမည်ဆိုသဖြင့် ၁၈သိန်းကျော် ချေးငှား စိုက်ထုတ်ပေးခဲ့ရဖူးကြောင်း ဝဲကျွန်း မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်း နိုင်က ပြောသည်။

ယင်းမြေခွန်ပြေစာများကို နောက် တွင်တဖြည်းဖြည်းလာယူကြသော်လည်း လက်ရှိနှစ်အတွက် မြေခွန်ပြေစာသစ်များ ရောက်ရှိလာသည်အထိ ငွေငါးသိန်း ကျော် စိုက်ထုတ်ထားရဆဲဟု ဦးမင်းနိုင် က ပြောသည်။

“ဒီနှစ်လည်းစိုက်ရမှာ အရမ်း ကြောက်နေပြီ။ အိမ်တွေမှာလည်းကွင်း ဆင်းကောက်တယ်။ မြို့ထဲမှာဆိုသွား ပေးတယ်။ အဝေးမှာဆိုလူကြုံနဲ့မှာတယ်။ ပြေစာလာဖြတ်ဖို့။ မြေကွက်တွေရှိပြီး လူမရှိဘူး” ဟု ဦးမင်းနိုင်က ပြောသည်။

Dawei Watch