ထားဝယ်စီမံကိန်း လိမ်ညာ အလုပ်ခေါ်ပါသလား၊ ဝ၅၉ ၂၀၂၃၅၆၃ သို့ ဆက်စုံစမ်းပါ

0
1816

အထူးစီးပွားရေးဇုန်အတွက် လိမ်ညာ အလုပ်ခေါ်နေပါက တိုင်ကြားရမည့် ဖုန်းနံပါတ် ပါဝင်သည့် ဗီနိုင်းများကို ပြီးခဲ့သည့်လက စိုက်ထူလိုက်သည်။

အဆိုပါဗီနိုင်းတွင် အထူးစီးပွား ရေးဇုန်အတွင်းရှိ မြေယာနှင့်ပတ်သက်၍ လက်ရှိတွင် ITD ကုမ္ပဏီနှင့် စီမံခန့်ခွဲ မှုကော်မတီက ကနဦးစီမံကိန်းအကောင် အထည်ဖော်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်းဖော်ပြထားသည်။ထိုကြောင့် မြေယာကိစ္စ၊ အလုပ် အကိုင်ကိစ္စများကို မည်သည့်ကုမ္ပဏီ၊ လူပုဂ္ဂိုလ်ကိုမျှ လုပ်ကိုင်ခွင့်ပေးထားခြင်း မရှိကြောင်း အဆိုပါ ဗီနိုင်းတွင် ကြေညာထားသည်။

ထိုသို့ အလုပ်အကိုင်ကိစ္စ၊ မြေယာ ကိစ္စများအတွက်ဟု ဆိုကာ ဆက်သွယ် လာပါက ဆက်သွယ်အကြောင်းကြား ပေးရန် ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။

လိမ်ညာအလုပ်ခေါ်မှုများအတွက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ ဝ၅၉-၂၀၂၃၅၆၃ ထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။

စီမံကိန်းနှင့် ပတ်သက်သည့် မြေယာ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ကိုင်ရ မည်ဆိုကာ ငွေကြေးတောင်းခံကာ လိမ်လည် အလုပ်ခေါ်မှုများရှိသည့်အတွက် ယင်းကဲ့သို့ ဗီနိုင်းဖြင့် အသိပေးရခြင်းဖြစ် ကြောင်း အထက်ပါကော်မတီအတွင်း ရေးမှူး ဒေါက်တာတင်ထူးနိုင်က ဆို သည်။

“ဒီလုပ်ငန်းတွေလုပ်တဲ့အခါမှာ လည်း တရားဝင်ပြောမှာ။ အဲဒါကြောင့် တစ်ခုခုဆိုရင် ဒီဖုန်းနံပါတ်ကို ဆက်ပါ” ဟု ဒေါက်တာတင်ထူးနိုင်က ဆိုသည်။

ထိုသို့ လိမ်ညာအလုပ်ခေါ်မှုများက ထားဝယ်ဒေသတွင်သာမက မြန်မာနိုင်ငံ အလယ်ပိုင်းအထိရှိနေကြောင်း ၎င်းက ပြောသည်။

အဆိုပါ အသိပေးဗီနိုင်း ငါးချပ်ကို စီမံကိန်းဧရိယာအတွင်းတွင် စိုက်ထူထား ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်နှင့် အထူး စီးပွားရေးဇုန် ဥှ အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ဆိုသည်။

“လောလောဆယ်တော့ ဇုန်ထဲမှာပဲ ထောင်ထားတယ်ဗျ” ဟု ဦးထွန်းထွန်း ဝင်းက ပြောသည်။

ထိုသို့ ဗီနိုင်းဖြင့် အသိပေးခြင်း အပြင် သက်ဆိုင်ရာ ခရိုင်/မြို့နယ်အုပ် ချုပ်ရေးမှူးများမှတစ်ဆင့် ရပ်ကျေးအုပ်ချုပ် ရေးမှူးများကို အသိပေးအကြောင်းကြား ရန် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း အထူးစီးပွားရေးဇုန်အတွင်း မြေယာရှင်း လင်းရေးလုပ်ငန်းအတွက် ကန်ထရိုက် လုပ်ကိုင်လိုပါက ထိုင်းဘတ်ငွေတစ် သိန်းပေးသွင်းရမည်ဟုဆိုကာ ထားဝယ် မြို့တွင် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။

ထားဝယ် SEZ အတွက် လိမ်ညာ အလုပ်ခေါ်မှုများက ထားဝယ်မြို့ပေါ်တွင် ဖြစ်ပွားလေ့ရှိသည့်အတွက် မြို့ပေါ် လမ်းဆုံလမ်းခွများတွင်လည်း အသိပေး ဗီနိုင်းများထောင်သင့်ကြောင်း ထားဝယ် မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲထွဋ်နိုင် က ဆိုသည်။

“စားကျက်က ထားဝယ်မှာလေ။ ထားဝယ်မြို့ပေါ်မှာလည်းထောင်သင့် တယ်ဗျ” ဟု ဦးရဲထွဋ်နိုင်က ပြောသည်။

အထူးစီးပွားရေးဇုန်အတွက် အလုပ် သမားခေါ်ယူပါက အလုပ်သမားညွှန် ကြားမှုဦးစီးဌာန၊ အထူးစီးပွားရေးဇုန်၏ One Stop Service (OSS) တို့မှ တစ်ဆင့် တရားဝင်ခေါ်ယူမည်ဖြစ် ကြောင်း ဒေါက်တာတင်ထူးနိုင်က ပြော ဆိုထားသည်။

Dawei Watch