ထိုင်းနိုင်ငံတွင် အပိတ်ခံလိုက်ရသည့် မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသားများ ကော့သောင်းတွင် စာမေးပွဲဖြေမည်

0
479

ပြီးခဲသည့် နှစ်လယ်ပိုင်းကတည်း က ထိုင်းအာဏာပိုင်များက ပိတ်သိမ်း ထားသော မြန်မာရွှေ့ပြောင်းကျောင်းမှ ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေ ရန် ဖေဖော်ဝါရီလ ၁၉ ရက်က ကော့သောင်း မြို့ကို ရောက်ရှိလာကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

မြန်မာ- ထိုင်းနယ်စပ်မြို့ဖြစ်သည့် ထိုင်းနိုင်ငံ ရနောင်းမြို့ ရနောင်းဌာနီ ဘုန်းတော်ကြီးသင်ကျောင်းမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကျောင်းသူ၊ ကျောင်းသား စုစုပေါင်း တစ်ရာကျော်(၁၀၈ ဦး) ဝင် ရောက်လာခြင်းဖြစ်ကြောင်း ကော့သောင်း မြို့နယ် ပညာရေးမှူး ဒေါ်သန်းစိုးက ပြောသည်။

ယခင်နှစ်များက ရနောင်းမြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်းများတွင် ပညာ သင်ယူနေသည့် ရွှေ့ပြောင်းကျောင်းသား များသည် ကော့သောင်းမြို့မှ ဆရာ၊ ဆရာမ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံက ထုတ်သည့် မေးခွန်းများကို ရနောင်း မြို့တွင်ပင် ဖြေဆိုကြရသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လတွင်မူ ထိုင်းအာဏာပိုင်များက ရနောင်းမြို့ ဘုန်းတော်ကြီးသင် ကျောင်းများကို တရားမဝင်သဖြင့် ပိတ်လိုက်ပြီး ယင်း ကျောင်းများရှိ ဆရာ၊ ဆရာမများကို လည်း ငွေဒဏ်ရိုက်ကာ မြန်မာပြည်သို့ ပြန်ပို့ခဲ့သည်။

အပိတ်ခံလိုက်ရသည့် ကျောင်းသား များသည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖြေဆိုသည့် စတုတ္ထတန်း စာမေးပွဲကို ဖြေဆိုရန် ကော့သောင်းမြို့ကို ရောက် လာခြင်းဖြစ်ကြောင်း ဒေါ်သန်းစိုးက ပြောသည်။

“ဒီနှစ် ဟိုဘက်(ထိုင်းနိုင်ငံဘက်)က ပိတ်လိုက်တော့ ကျောင်းသားတွေ တို့လို့ တန်းလန်းဖြစ်နေလို့ ကူညီနိုင်သလောက် ကို ခရိုင်၊ တိုင်း၊ နေပြည်တော်ရုံးချုပ်တွေ ချိတ်ဆက်ပြီး ဘောင်အတွင်းကနေ စာမေးပွဲဖြေလို့ရအောင် ကူညီပေးခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ ရနောင်းမြို့မှ အရေး ပေါ်အနေဖြစ် ရောက်ရှိလာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား အဋ္ဌမတန်းကျောင်း သားများကို ပြင်ပဖြေ၊ န၀မတန်း ကျောင်းသားများကို ကျောင်းတွင်းစစ် စာမေးပွဲ၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား များကို ပြင်ပဖြေအဖြင့် ဖြေဆိုခွင့်ပြုရန် ညွှန်ကြားထားကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

လက်ရှိ စတုတ္ထတန်းနှင့် အဋ္ဌမ တန်းစာမေးပွဲဖြေဆိုရန် ရောက်ရှိလာ သည့် ကျောင်းသားများကို ပလုံးတုံတုံး ကျေးရွာရှိ ဘုန်းတော်ကြီးသင်ကျောင်း တွင် စာမေးပွဲဆိုရမည်ဖြစ်ကြောင်း တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစိုး