မလွှဲတောင် အများသုံးအိမ်သာ ဝန်ဆောင်မှု လုပ်ချင်က ဆက်သွယ်ပါ

0
431

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် ကြားရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး တွင် တည်ဆောက်ထားသည့် အများသုံး အိမ်သာကို လုပ်ကိုင်လိုပါက ဆက်သွယ် နိုင်ကြောင်း လမ်းအထူး ၂၃ အဖွဲ့ထံမှ သိရသည်။

အထက်ပါ အများသုံးအိမ်သာကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် တည်ဆောက်ထားပြီး အိမ်သာအသုံးပြုပါက ငွေကျပ် ၁၀၀ နှုန်း ကောက်ခံနေသည်။

အိမ်သာဆောက်ပြီးချိန်တွင် တစ်နေ့ တာဝင်ငွေကို သိနိုင်ရန် ဌာနဝန်ထမ်းများ ဖြင့် စမ်းသပ်ကောက်ခံရာ တစ်ရက်လျှင် နှစ်သောင်းကျပ်ဝန်းကျင် ရရှိကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်လင်း(မြို့ပြ)က ဆိုသည်။

လက်ရှိတွင် အများသုံးအိမ်သာဝန် ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည့်သူ မရှိသေးသည့်အတွက် ယင်းဂိတ်အနီးရှိ ကျေးရွာမှ ဒေသခံတစ်ဦးကို လုပ်ကိုင်ခွင့် ပေးထားရကြောင်း ၎င်းက ပြောသည်။

အများသုံးအိမ်သာလုပ်ခွင့်ရသူက လျှပ်စစ်မီး၊ ရေ၊ သန့်ရှင်းရေး စသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း ဦးကျော်လင်းက ဆိုသည်။

အဆိုပါ လုပ်ငန်းကို လုပ်ကိုင်လိုပါ က ထားဝယ်မြို့ရှိ လမ်းအထူးအဖွဲ့ ၂၃ ရုံး သို့မဟုတ် မလွှဲတောင်ရှိ အခြေစိုက် ရုံးကို ဆက်သွယ်နိုင်ကြောင်း ၎င်းက ပြောသည်။

“တစ်ယောက်ယောက်က စိတ်ဝင် စားတယ်ဆိုလို့ရှိရင် သူ့ကို အစမ်းကို ပေးကောက်ဦးမယ်”ဟု ဒုညွှန်မှူး ဦးကျော်လင်းက ဆိုသည်။

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းကို စမ်းသပ်လုပ်ကိုင်ပြီး ဆက်လက်လုပ် ကိုင်လိုပါက အဆင်ပြေနိုင်မည့် နှုန်းထား တစ်ခုကို သတ်မှတ်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ကိုဇော်