ကလုံးထာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စဖွင့်

0
2264

ခရီးစဉ် အမျိုးအစားငါးခုနှင့်အတူ ကလုံးထာကျေးရွာ CBT (လူထုအခြေ ပြုခရီးသွားလုပ်ငန်း) ကို ဖေဖော်ဝါရီလ ၁၆ ရက်က စတင်ဖွင့်လှစ်လိုက်သည်။

ရေဖြူမြို့နယ်အတွင်း တည်ရှိသည့် ကလုံးထာရွာ CBT တွင် ပရဆေး ဥယျာဉ်၊ တောတွင်းခရီးတို လမ်းလျှောက်ခြင်း၊ တောတွင်း အထူးနေ့လယ်စာဖြင့် ဧည့်ခံခြင်း၊ ရေပူစမ်း၊ ကလုံးထာချောင်း အစရှိသည့် နေရာများသို့ သွားလာလည် ပတ်နိုင်သည့် ခရီးစဉ်အမျိုးအစားငါးခုကို ရွေးချယ်သွားလာနိုင်ကြောင်း ကလုံးထာ CBT အဖွဲ့ထံမှ သိရသည်။

ခရီးစဉ်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ထားပြီး အဖွဲ့တွင် ပါဝင် သည့်ဧည့်သည်ဦးရေ အနည်းအများ အပေါ်မူတည်ကာ ဈေးနှုန်းကွာခြားသည်။

ဧည့်သည်အနေဖြင့် လာမည့်ရက်၊ နိုင်ငံသား/နိုင်ငံခြားသား၊ မစားတတ် သည့် အစားအသောက် စသည်တို့ကို သိရှိနိုင်ရန် သုံးရက် ကြိုတင်ချိတ်ဆက်ရ မည်ဖြစ်ကြောင်း ကလုံးထာCBT ဥက္ကဋ္ဌ ဦးကြီးမြင့်က ဆိုသည်။

“လာမယ်ဆိုရင် သုံးရက်လောက် ကြိုပြီး ပြောထားရမယ်”ဟု ဦးကြီးမြင့်က ပြောသည်။

ခရီးစဉ်များတွင် ဧည့်သည် ၈ ဦးလျှင် ဒေသခံဧည့်လမ်းညွှန် ၁ ဦးနှုန်း ပါဝင်မည်ဖြစ်ပြီး ညအိပ်ဝန်ဆောင်မှု အနေဖြင့် နိုင်ငံသားကိုသာ လက်ခံပြီး နိုင်ငံခြားသားကိုမူ လက်မခံသေးကြောင်း ၎င်းက ဆိုသည်။

ကလုံးထာကျေးရွာသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထီးခီးလမ်း အနီးတွင် တည်ရှိ ပြီး တနင်္သာရီတိုင်းအတွင်း ဒုတိယမြောက်ဖွင့်လှစ်ခဲ့သည့် CBT လုပ်ငန်း ဖြစ်သည်။

တနင်္သာရီတိုင်း၏ ပထမဆုံး CBT ကို လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလက ဖွင့်လှစ်ထားသည်။

Dawei Watch