ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
943
Bay-Din

၂၄- ၂ -၂၀၂၀ မှ ၁ – ၃ -၂၀၂၀ အထိ

တနင်္ဂနွေ

ဆုတံဆိပ်များ ရရှိတတ်သည်။ ကွဲကွာနေသော မိတ်ဆွေများနှင့် ပြန်လည်ဆုံစည်းရမည်။ လုပ်ငန်းနှင့်ပတ်သက်၍ အဖုအထစ်များ ရှိနေတတ်သည်။ ပုလဲ၊ ကျောက်မျက်ရတနာများ ဝင်မည်။ အပူနာ၊ အိုင်းနာ ဖြစ်တတ်သည်။ ပညာရေးနှင့်ပတ်သက်၍ အဆင်ပြေမည်။ မေတ္တာရေး သည်ကား ချစ်လျက်နဲ့ လတ်တလော ဝေးနေရဦးမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – ပန်းဆီရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ဖရဲသီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ

အကြံကောင်းတစ်ချက်ကြောင့် ကိစ္စအားလုံး အဆင်ပြေမည်။ သင်တန်းတက်ရခြင်း၊ ပညာရေး အဆင် ပြေခြင်း ကြုံမည်။ အမွေအနှစ်များ ရတတ်သည်။ အဓိဋ္ဌာန်ပြုက ထူးထူးခြားခြား အောင်မြင် မည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ ရုန်းကန်ရမည်။ မေတ္တာရေး သည်ကား သင်ဖွင့်ပြောက ချစ်သူက ငြင်းလိမ့်မည်မဟုတ်ပါ။
အကျိုးပေးသော အရောင် – အပြာရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – ဖရုံယိုနှင့် ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ

စီးပွားရေးလုပ်ငန်းများ အောင်မြင်မည်။ အလုပ်စာမေးပွဲဖြေမည့်သူများ အောင်မြင်မည်။ ပြည်တွင်း ပြည်ပ ခရီးသွားကိစ္စများ ကောင်းသည်။ ပညာရေးကတော့ ပုံမှန်ကြိုးစားရမည်။ ရွှေထည် ပစ္စည်းများ ထွက်တတ်သည်။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးငွေလှူပါ။

ဗုဒ္ဓဟူး

ယခုလ၌ ငွေချေးငှားခြင်း သတိထားပါ။ အမျိုးသမီးတစ်ဦး၏ ကူညီမစမှုခံရမည်။ တန်ခိုးကြီး ဘုရားပုံတော်များ ရရှိတတ်သည်။ လုပ်ငန်းများ အဆင်ပြေမည်။ ပညာရေး ကောင်းမည်။ ခြေထောက်ထိခိုက် တတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် နီးစပ်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အဖြူရောင်
မသွားသင့်သော အရပ် – မြောက်အရပ်
ယတြာ – ငှက်ပျောသီးကို အခွံနွှာ၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

ဘာပဲလုပ်လုပ် အားလုံး အဆင်ပြေမည်။ ရွှေ ဝင်မည်။ ခရီးမကြာခဏ သွားနေရတတ်သည်။ မိတ်ဆွေကောင်းများ၏ ကူညီမစမှု ခံရမည်။ မည်သည့်စာမေးပွဲဖြေဖြေ အဆင်ပြေမည်။ ယခုလ၌ မြေမဝယ်သင့်ပါ။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အနီရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျား၊ အစိမ်းရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – ဖရဲသီးကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ

တယ်လီဖုန်း၊ ယာဉ်များ ဝင်မည်။ စက်ပစ္စည်များ မဝယ်ပါနှင့်။ ငွေကြေးများစွာ ဝင်မည်။ ခရီးမကြာခဏ သွားနေရတတ်သည်။ ပညာရေး ကောင်းမည်။ ကျန်းမာရေး အညံ့မရှိပါ။ အတိုက်အခံပြောဆိုရမည့်ကိန်း ရှိသည်။ မေတ္တာရေးသည်ကား သင်နှင့် ချစ်သူကြားထဲမှာ အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – ရွှေရင်အေးမုန့်ကို ဘုရားဆွမ်းတော်ကပ်လှူပါ။

စနေ

နိုင်ငံရပ်ခြားခရီးများ သွားနေရတတ်သည်။ ငွေကြေးများစွာ ဝင်မည်။ ဒူးနာ၊ အဆစ်နာ ဖြစ်တတ်သည်။ မြေရောင်းဝယ်ကိစ္စများ အဆင်ပြေမည်။ အပေါင်းအသင်းများ၏ ကူညီမစမှု ခံရမည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေးအောင်မြင်မည်။ မေတ္တာရေးသည်ကား သင်သည် ချစ်သူနှင့် လက်ထပ်ရမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော်ကပ်လှူပါ။


လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ