လိုတဲ့ပေအရှည်၊ ဂိတ်အထူအပါး မှာယူနိုင်တဲ့ သွပ်ပြားစက်ရုံ

0
1979

သွပ်ပြားဝယ်ယူမယ့်သူက လိုအပ်တဲ့ ပေအရှည်၊ လိုအပ်တဲ့ ဂိတ်အထူ အပါးအလိုက် မှာယူနိုင်တဲ့ သွပ်ပြားစက်ရုံကို ထားဝယ်မြို့ မှာ ဖွင့်လှစ်ထားပါတယ်။

သွပ်ပြားကို အရန်သင့် ထုတ်လုပ်ရောင်းချတာမျိုးမဟုတ်ဘဲ ဝယ်ယူသူ လိုချင်တဲ့ အလျား၊ အနံ အထူအပါးနှင့် အရောင် အလိုက် အော်ဒါလာမှာမှသာ ထုတ်လုပ်ရောင်းချပေးတယ်လို့ သိရပါတယ်။

အဲဒီစက်ရုံကို ဦးဌေးလွင်အပါအဝင် သူငယ်ချင်း ၃ ဦးက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလထဲမှာ စပြီး လုပ်ငန်း လည်ပတ်နေတာ ဖြစ်ပါတယ်။

အဲဒီ စက်ရုံကနေပြီး 4 Angle အရောင်သွပ်ပြားများ၊ 9 Line/ 11 Line Alu Zine သွပ်ပြားများ၊ 11 Line Alu Zine Colour သွပ်ပြားများကို လက်လီ လက်ကားရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

သွပ်ပြားစက်ရုံ လိပ်စာကတော့ ရွှေတောင် (၃) လမ်း၊ ကူးတို့ကျေးရွာ၊ ထားဝယ်မြို့နယ်ဖြစ်ပါတယ်။

Dawei Watch