ဆိုင်ကယ်/ကားကို ဖုန်းနဲ့ထိန်းမယ်

0
1339

ဆိုင်ကယ်/ကားတွေကို ဖုန်းနဲ့ ထိန်းချုပ်နိုင်မယ့် ဆိုင်ကယ်/ကား တည်နေရာပြ (GPS)ကို ထားဝယ်မှာ တပ်ဆင်နိုင်ပါပြီ။

ဈေးအနည်းဆုံးဖြစ်တဲ့ ကျပ် ၆ သောင်းခွဲတန်ကို ဆိုင်ကယ်မှာ တပ်မယ်ဆိုရင် မိမိဆိုင်ကယ်ရဲ့တည်နေရာကို ၁ မိနစ်အတွင်း ဖုန်းထဲကြည့်နိုင်ခြင်း၊ ဘယ်လောက်နှုန်း မောင်းနေတာကို ချက်ချင်းသိခြင်း၊ မောင်းထားတဲ့ လမ်းကြောင်းကို ၆ လ ပြန်ကြည့်နိုင်ခြင်း၊ ဆိုင်ကယ်အိမ်က ထွက်ခွာတာ၊ ပြန်ဝင်တာတွေ သိနိုင်ခြင်း စတာတွေပါဝင်မှာ ဖြစ်ပါတယ်။

ကျပ် ၈ သောင်းတန်ဆိုရင်တော့ အထက်ပါ အချက်တွေအပြင် ဆိုင်ကယ်အခိုးခံရတာမျိုးမှာ ဆိုင်ကယ်စက်ကို ဖုန်းနဲ့ အဝေးက ရပ်ပစ်လိုက်လို့ ရခြင်း၊ ဆိုင်ကယ်စက်မနှိုးဘဲ တွန်းယူသွားပါက ချက်ချင်းဖုန်းခေါ်သတိပေးခြင်းတို့ ပါဝင်ပါတယ်။

ကျပ် ၁ သိန်းတန်ဆိုရင်တော့ အထက်က အချက်တွေအပြင် အရေးပေါ်ခလုတ်ပါ ပါတယ်။ အဲဒီ(SOS) ခလုတ်ကို နှိပ်လိုက်ရင် ၁၉၉၊ အရေးပေါ်ကားစတဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနတွေကို အလိုအလျောက် ဖုန်းခေါ်ပေးပါတယ်လို့ တာဝန်ယူတပ်ဆင်ပေးနေတဲ့ HAPPY GPS DAWEI ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆိုင်ကယ်မှာ တပ်ထားတဲ့ GPS စက်ကို ဆိုင်ကယ်က ဖြုတ်လိုက်ရင် ပိုင်ရှင်ဖုန်းကို ချက်ချင်းခေါ် (မကိုင်မချင်းခေါ်)တဲ့ စနစ်ကတော့ စက်အားလုံးမှာ ပါတယ်လို့ တပ်ဆင်ပေးနေတဲ့ ကိုဗဟိန်းက ပြောပါတယ်။

ကားမှာဆိုရင်တော့ အထက်ပါ အချက်တွေအပြင် Black Box စနစ်ပါ ပါဝင်ပါတယ်။ ဈေးနှုန်းက အမျိုးအစားအလိုက် ၈ သောင်းကျော်ကနေ နှစ်သိန်းခွဲထိရှိပြီး ကားရှိတဲ့အရပ်မှာ လိုက်တပ်ဆင်ပေးပါသတဲ့။

တပ်ဆင်ပေးနေတဲ့ နေရာကတော့ ကိုဗဟိန်းဆိုင်ကယ်ဆိုင်အမှတ် ၃၃၃ (ဆန်းချီဘုန်းကြီးကျောင်းရှေ့) ဆန်းချီလမ်း၊ ထားဝယ်မြို့ ဖြစ်ပါတယ်။

Dawei Watch