အခြေခံပညာကျောင်းများတွင် ကိုရိုနာဗိုင်းရပ်စ် အသိပညာပေးရန် ညွှန်ကြား

0
383

တိုင်းအတွင်းရှိ အခြေခံပညာကျောင်း များတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွား သော အဆုတ်ရောင်ရောဂါနှင့် ပတ်သက် သည့် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၄ ရက်က မြို့နယ်ပညာရေးမှူးရုံးများသို့ ညွှန်ကြား ထားကြောင်း တိုင်းပညာရေးမှူးရုံး (ပညာရေးရာဌာန) ထံမှ သိရသည်။

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများနှင့် ကာကွယ်နိုင်မည့်နည်း လမ်းများ စသည့် အသေးစိတ်အချက် အလက်များကို ကျောင်းသူ၊ ကျောင်းသား များအား အသိပညာပေးရန် ဖေဖော်ဝါရီ လ ၃ ရက်က အခြေခံပညာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်က ညွှန်ကြားထားသည်။

တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် အခြေခံပညာကျောင်း များနှင့် ညှိနှိုင်းဆောင်ရွက်ရန် အထက်ပါ ညွှန်ကြားချက်တွင် ပါရှိသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင် ဖြစ်ပွားလာသည့် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံ တွင် ကူးစက်ခံထားရပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ၂၈၀၆၀ ဦး၊ သေဆုံးသူ ၅၆၄ ဦးရှိကြောင်း ဖေဖော်ဝါရီလ ၆ ရက်စွဲဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးမြင့်