မြို့နယ် သုံးခုတွင် ဖန်လုံအိမ် သုံးလုံး ထပ်ဆောက်

0
874
ဓာတ်ပုံ - ကိုဇော်

ရေဖြူ၊ လောင်းလုံး၊ ပုလောမြို့နယ် သုံးခုတွင် ဖန်လုံအိမ် စိုက်ပျိုးနည်း အတွက် အသုံးပြုမည့် ဖန်လုံအိမ် (Green House)သုံးလုံးကို ထပ်ဆောက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ဖန်လုံအိမ်စိုက်ပျိုး နည်းကို ဒေသတွင်းမှ စိုက်ပျိုးရေးသမား များ လာရောက် လေ့လာနိုင်ရန် စံပြစိုက် ပျိုးခြင်းဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။

အဆိုပါ ဖန်လုံအိမ်များတွင် ပန်း သခွား၊ ဆလပ်၊ ငရုတ်၊ ခရမ်းချဉ်၊ ပန်းဂေါ်ဖီ စသည့် သီးပင်စားပင်များ စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

“Green House ထဲမှာက ပိုးမွှား က မဝင်လာဘူးလေ။ သူက အကာအကွယ် ရှိတာကိုး။ ပိုးမွှားရောဂါတွေ မဝင်လာတဲ့ အတွက် ပိုးသတ်ဆေး ပေါင်းသတ်ဆေး တွေ သုံးစရာ မလိုဘူး။ မလိုတဲ့အတွက် ဓာတုဓာတ်ကြွင်း မရှိဘူး။ အန္တရာယ်ကင်း တာပေါ့”ဟု အထက်ပါ ဒုတိုင်းဦးစီးမှူး ဦးသိန်းစိုးက ပြောသည်။

ဖန်လုံအိမ်နည်းဖြင့် စိုက်ပျိုးသည့် အခါ ရေအလေအလွင့် နည်းခြင်း၊ အပင်အတွက် အစာအဟာရများ မိုးရေ နှင့်အတူ မျောပါမှု မရှိခြင်းတို့အပြင် အစိုဓာတ်ကိုလည်း ထိန်းထားသော ကြောင့် ရေအကုန်လည်း သက်သာကြောင်း သိရသည်။

ပြီးခဲ့တဲ့နှစ်ကလည်း ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် ဖန်လုံအိမ်နည်းဖြင့် စံပြစိုက်ခင်းများ စိုက်ပျိုးထားကြောင်း သိရသည်။

Dawei Watch