မွန်ပါတီကို ဝန်းရံထောက်ခံ အားပေးရန် တိုက်တွန်း

0
342

မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ညီညွတ်ရေးပါတီကို ဝန်းရံထောက်ခံ အားပေးကြရန် မွန်ပြည်သူတွေကို မွန် ညီညွတ်ရေးပါတီက တိုက်တွန်း လိုက်သည်။

တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၉ ရက်) တွင် ကျရောက် သည့် ၇၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားအတွက် မွန်ညီညွတ်ရေးပါတီက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ် ပြန်လိုက်သည့် ကြေညာချက်တွင် ထို ကဲ့သို့ မွန်ပြည်သူတို့အား တိုက်တွန်း ထားခြင်းဖြစ်သည်။

မွန်ညီညွတ်ရေးပါတီသည် မွန် သံဃာတော်များနှင့် မွန်တစ်မျိုးသားလုံး ၏ဆန္ဒအရ ဖွဲ့စည်းပေါ်ပေါက်လာသော တစ်ခုတည်းသော မွန်လူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည့် အားလျော်စွာ မွန်လူမျိုးတို့၏ လိုလားချက် ဖြစ်သော အမျိုးသားတန်းတူ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း သည်အထိ ဆက်လက်ကြိုးစားရုန်းကန် သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ အခုလိုပေါင်းစည်း လိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်း သားတွေက နိုင်ငံရေးအရ စိတ်ဓာတ် တက်ကြွမှုတွေ အရမ်းအားကောင်းလာတယ်။ အရင်က မဲမပေးချင်တဲ့လူတောင် မဲပေးချင်တဲ့ဆန္ဒ နိုးကြားလာမယ်။ ဒါကို အခြေခံပြီးတော့ တိုင်းရင်းသားဒေသ တွေမှာ တိုင်းရင်းသားပါတီတွေက အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားတာ ပေါ့နော်”ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) နိုင်လရီတမ က ပြောသည်။

မွန်တစ်ပါတီတည်းပေါင်းစည်းပြီး နောက် လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်သူအများစုက မွန်ပါတီကိုသာ ဝန်းရံကြမည်ဟု မွန်နိုင်ငံရေး စောင့်ကြည့်လေ့လာနေသူအချို့က သုံးသပ်ကြ သည်။

Dawei Watch