လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူမည်

0
441

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ထိရောက် စွာ အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေး၌ ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးချစ်တင်၏ မေးမြန်းမှု အပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကမ်းနီးရော ကမ်းဝေးရော ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စ အားလုံးကို ကျွန်တော်တို့ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ကော်မတီက ပင်လယ်ပြင်က အချက် အလက် အခြေအနေအမှန်ကို ကောက်ယူ ပါတယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

မွန်ပြည်နယ်ရေပိုင်နက်အတွင်း ကမ်းဝေးငါးဖမ်းလုပ်ကွက်များတွင် ခွင့်ပြုလိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ဂရန်ကြီးလှေ ၉ စီး အပါအဝင် ငါးဖမ်း လှေ ၃၂၀ စီး ရှိသည်။

မွန်ပြည်နယ်၏ ၃၅၁ မိုင်ရှည်လျား သော ကမ်းရိုးတန်းတစ်လျှောက်တွင် ပင်လယ်ပြင် ၁၀ မိုင်အထိသာ လုပ်ကိုင် ခွင့်ရှိသည့် ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနတွင် မှတ်ပုံတင်ထားသည့် ကမ်းနီး ငါးဖမ်းလှေ စုစုပေါင်း ၁၂၄၄ စီး ရှိသည်။

“ရေလုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင် တွေ ငါးဦးစီးဌာနမှာ ခွင့်ပြုလိုင်စင် ပြုလုပ်တဲ့နေရာမှာ လှေတစ်စီးသာ ခွင့်ပြု လိုင်စင် တောင်းခံပြီးတော့ လှေအစီးပေါင်းများစွာ လိုင်စင်မဲ့နဲ့ လုပ်နေကြတာ တွေ့ရှိရပါတယ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ နှင့် ၂၃ ရက်က မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၊ မွန်ပြည်နယ်ငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့သည် မွန်ပြည်နယ် ငါးဖမ်းကွက်သို့ သွားရောက် စစ်ဆေးခဲ့ရာ ငါးဖမ်းကွက် ၃ ကွက်မှာ ပင် ကျားဖောင် ၁၂၀၀ ကျော်ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

၎င်းပြင် အထောက်အထား တစ်စုံ တစ်ရာမရှိဘဲ ဧရာ၀တီတိုင်းဒေသကြီးမှ မွန်ပြည်နယ်ရေပိုင်နက်အတွင်းသို့ ကျော်လွန် လုပ်ကိုင်နေကြသည့် အင်္ဂလန် ကျားဖောင် ၁၀၀၀ ကျော် လုပ်ကိုင်နေ သည်ကိုလည်း စစ်ဆေးတွေ့ရှိသည်။

အဆိုပါ မွန်ပြည်နယ်ရေပိုင်နက် အတွင်းက တရားမဝင် ငါးဖမ်းလှေကိစ္စ နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၇ ရက် တွင် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက ပြောသည်။

ယဉ်စနိုင်း