ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1279
Bay-Din

၁၀ – ၂ -၂၀၂၀ မှ ၁၆ – ၂ -၂၀၂၀ အထိ

တနင်္ဂနွေ

ငွေကြေးနှင့်ပတ်သက်၍ အထွက်များခြင်း၊ ဆုံးရှုံးခြင်းများ ဖြစ်တတ်သည်။ မြေ၊ အမွေအနှစ်များ ရရှိတတ်သည်။ လူမျိုးကွဲတို့ ကူညီမစကိန်း ရှိသည်။ သားသမီးရတနာများ ရတတ်သည်။ မိမိ အိမ်ရှိ အသက်ကြီးသူ လူကြီးများ ကျန်းမာရေး ဂရုပြုပါ။ ပညာရေးလမ်းကြောင်း ကောင်းသည်။ မေတ္တာရေးသည်ကား နီးလျက်နဲ့ ဝေးနေတတ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၁ ၊ ၆ ၊ ၃ ၊ ၉ ပါသော ဂဏန်းများ
ယတြာ – သစ်ခွပန်း ဘုရားကပ်လှူပါ။

တနင်္လာ

ထီပေါက်ခြင်း၊ ငွေကြေးများစွာ ဝင်ခြင်းဖြစ်မည်။ ဆရာကောင်း၊ သမားကောင်းများနှင့် တွေ့ရမည်။ ယခုလအတွင်း ယာဉ်မဝယ်သင့်ပါ။ Accident ဖြစ်တတ်သည်။ မြေဝင်မည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် တွဲလက်များ ခိုင်မြဲနေမည်။
အကျိုးပေးသော အရောင် – အညိုရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ ဆင်စွယ်ရောင်
အကျိုးပေးသော ဂဏန်းများ – ၁ ၊ ၄ ၊ ၇ ၊ ၀ ပါသော ဂဏန်းများ
ယတြာ – ဂန္ဓမာပန်းအဖြူ ၁၀ ပွင့် ဘုရားပန်းကပ်လှူပါ။

အင်္ဂါ

စိန်ထည်ပစ္စည်းများ ဝင်မည်။ ငွေကြေးများစွာ ဝင်မည်။ အိမ်ဆောက်ခြင်း၊ အိမ်ဝယ်ခြင်းများ ကောင်းမည်။ အလုပ်လျှောက်ထားသူများ အလုပ်ရမည်။ တယ်လီဖုန်းပျက်ခြင်း၊ ပျောက်ခြင်း ဖြစ်တတ်သည်။ ကျန်းမာရေးမကောင်းသူများ ဆေးဝါးတိုး၍ ကျန်းမာလာမည်။ မေတ္တာရေး သည်ကား လက်ထပ်မင်္ဂလာ ပြုရမည့် အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အနီရောင်
အကျိုးပေးသော ဂဏန်းများ – ၄ ၊ ၀ ၊ ၆ ၊ ၉ ပါသော ဂဏန်းများ
ယတြာ – ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းပါ။

ဗုဒ္ဓဟူး

မြေဝင်မည်။ ဘုရားဖူးခရီးများ သွားရမည်။ လုပ်ငန်းများအောင်မြင်၍ စိတ်ချမ်းသာ၊ ကိုယ် ကျန်းမာဖြစ်မည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ အိုးအိမ်ပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်းများ ကောင်းသည်။ အပူနာ၊ ခါးနာ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား တစ်ဦးအပေါ်တစ်ဦး သံသယစိတ်မထားပါနှင့်။
အကျိုးပေးသော အရောင် – ပြောက်ကျား၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်းများ – ၁ ၊ ၄ ၊ ၆ ၊ ၃ ပါသောဂဏန်းများ
ယတြာ – မုန့်လုံးရေပေါ် ဘုရားဆွမ်းတော်ကပ်လှူပါ။

ကြာသပတေး

အလှူအတန်းများ ပြုရတတ်သည်။ လုပ်ငန်းများတိုးချဲ့ခြင်း၊ ချဲ့ထွင်ခြင်းများ ကောင်းသည်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးမည်။ မျက်စိ၊ ခါးနာခြင်း ဖြစ်တတ်သည်။ ပညာရေးကိစ္စ ကောင်းသည်။ ယခုလ၌ မြေမဝယ်ပါနှင့်။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ – ၆ ၊ ၁ ၊ ၉ ၊ ၄ ပါသော ဂဏန်းများ
ယတြာ – သရက်သီးအမှည့်ကို စိတ်ပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

တောင်အရပ်သို့ ခရီးသွားရတတ်သည်။ ကွဲကွာနေသော မောင်နှမများ၊ မိသားစုများနှင့် ဆုံစည်းရတတ်သည်။ ဆွေမျိုးထဲ၌ စိတ်မချမ်းသာစရာ သတင်းဖြစ်တတ်သည်။ လက်စွပ်၊ လည်ဆွဲများ ဝင်မည်။ ငွေကြေးများ ဝင်မည်။ ကျန်းမာရေးသည်ကား စိုးရိမ်စရာ မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် တွဲလက်များ ခိုင်မြဲမည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အဖြူရောင်၊ အနီရောင်
အကျိုးပေးသော ဂဏန်းများ – ၁ ၊ ၄ ၊ ၇ ၊ ၀ ပါသော ဂဏန်းများ
ယတြာ – သာကူမုန့် ဘုရားကပ်လှူပါ။

စနေ

စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ဖြစ်တတ်သည်။ ခရီးသွားရမည်။ ထီကံစမ်းပါ။ စီးပွားရေး လုပ်ငန်းများ အဆင်ပြေမည်။ ပညာရေးကိစ္စများ ကောင်းပါသည်။ သင် ရောင်းချမည့် ယာဉ်၊ စက်ပစ္စည်းများ ထွက်မည်။ မေတ္တာရေးသည်ကား ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အဖြူရောင်
အကျိုးပေးသော ဂဏန်းများ – ၀ ၊ ၇ ၊ ၆ ၊ ၉ ပါသောဂဏန်းများ
ယတြာ – ရွှေရင်အေးမုန့် ဘုရားကပ်လှူပါ။

လိုရာဆန္ဒပြည့်ဝနိုင်ပါစေ

ဆရာရွှေစင်မြတ်(Geology)

ဝေဒလက္ခဏသုတေသီ