မြို့နယ်ပေါင်းစုံ အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲကျင်းပမည်

0
500

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖေဖော် ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်ပေါင်းစုံမှ အသင်း ၁၀ သင်း ဝင်ရောင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ် နှင့်တိုင်း ပြိုင်ပွဲသွားရန်အတွက် လူရွေးပွဲ အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း အထက်ပါ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောသည်။

“ဒီပြိုင်ပွဲပြီးရင် လူရွေးမယ်။ လူရွေး ပြီးရင် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲ သွားမယ်” ဟု ဦးခင်မောင်ဌေးက ဆိုသည်။

အသင်းတစ်သင်းလျှင် ကစားသမား ငါးဦးနှင့် အရန်ကစားသမားငါးဦး ပါဝင် မည်ဟု ၎င်းက ပြောသည်။

ပြည်နယ်နှင့် တိုင်းပြိုင်ပွဲကို မတ်လ တွင် ကျင်းပမည်ဖြစ်ပြီး ဖူဆယ်ဘောလုံး ပြိုင်ပွဲများတွင် တနင်္သာရီတိုင်းက ဆု မရဖူးသေးကြောင်း ဦးခင်မောင်ဌေးက ပြောသည်။

မိုးမြင့်