ကျေးရွာချင်းဆက်လမ်း ဆိုလာလမ်းမီးတိုင်လုပ်ပေးရန်မရှိ

0
369

ကျွန်းစုမြို့နယ်ရှိ ကျေးရွာချင်း ဆက်လမ်းများ ကောင်းမွန်လာသော် လည်း လမ်းမီးတိုင်မရှိသည့် အတွက် အန္တရာယ်ရှိသဖြင့် ဆိုလာမီးတိုင် လုပ်ဆောင် ပေးရန် မရှိကြောင်း အစိုးရက ပြန်လည် ဖြေဆိုသည်။

ကျွန်းစုမဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင် က ဆိုလာမီးတိုင် အစဉ်အစဉ်ရှိ/မရှိတိုင်းအစိုးရအား ဇန်နဝါရီ ၃၀ ရက် လွှတ်တော် အစည်း အဝေးတွင် မေးခွန်းထုတ်ခဲ့သည်။

ကျွန်းစုတွင် ကျေးရွာချင်းဆက်လမ်းများ ကောင်းလာသော်လည်းလမ်း မီးတိုင်များမရှိသည့် အတွက်အမှောင်ထုထဲတွင် ခက်ခဲစွာသွားလာနေရသောကြောင့် မူးယစ်ဆေးသမားများက အန္တရာယ်ပြု မည်ကိုစိုးရိမ်နေကြရကြောင်း ဒေါက်တာ ထူးနေအောင်က လွှတ်တော်တွင် တင်ပြ ခဲ့သည်။

မူးယစ်ဆေးဝါး ရောင်းချသူများ၊ သုံးစွဲသူများ အလွန်များပြားလာသည့် အတွက် ညဘက်သွားလာတဲ့အခါ မှောင် ရိပ်ခိုပြီးဒုစရိုက်မှုကျူးလွန်ခံရမည်ကို စိုးရိမ်နေရသည်ဟု ပြည်သူတို့က တင်ပြ လာကြောင်း ၎င်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီး ဦးအောင်သူရက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းမှ ဆောင်ရွက်ရသည့်စီမံကိန်းလုပ်ငန်းများတွင် ကျေးရွာချင်း ဆက်လုပ်ငန်းများပေါ်၌ ဆိုလာမီးတိုင်များ စိုက်ထူပေးမည့် အစီအစဉ်မရှိကြောင်း ဖြေဆိုခဲ့သည်။

Dawei Watch