ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
739

၃ – ၂ -၂၀၂၀ မှ ၉ – ၂ -၂၀၂၀ အထိ

တနင်္ဂနွေ

နာရီတစ်လုံး ဝင်မည်။ ဥစ္စာဓန တိုးပွားမည်။ စာမေးပွဲဖြေခြင်း၊ သင်တန်းတက်ခြင်း ကိစ္စများ အဆင်ပြေမည်။ မိမိကို ကူညီမစမည့် မိတ်ဆွေကောင်းများ ပေါများမည်။ လုပ်ငန်းထဲ၌ အထင်လွဲ ခြင်း ခံရမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူက သင့်မေတ္တာကို အကဲခတ်နေသောကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – ပန်းဆီရောင်၊ နို့နှစ်ရောင်
မစားသင့်သော အစားအစာ – ကလီစာအမျိုးမျိုး
ယတြာ – ပန်းသစ်တော်သီးကို ခွဲစိတ်ပြီး ဘုရားဆွမ်းတော် ကပ်လှူပါ။

တနင်္လာ

ဘုရားဖူးခရီးများ သွားရမည်။ သင်မျှော်လင့်နေသော သတင်းစကားကောင်းတစ်ခု ကြားရမည်။ ငွေကြေးများစွာ ဝင်မည်။ စက်ပစ္စည်း ဒုက္ခပေးတတ်သည်။ ပညာရေး ကောင်းပါသည်။ လုပ်ငန်းကတော့ စိတ်ပင်ပန်းရတတ်သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် ဆုံစည်းရမည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – ဆင်စွယ်ရောင်၊ မဲနယ်ရောင်
မစားသင့်သော အစားအစာ – ဘဲဥ၊ မုန့်ဟင်းခါး
ယတြာ – မုန့်ကုလားမဲ ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ

လုပ်ငန်းနှင့်ပတ်သက်၍ အခုစိတ်ညစ်ရသော်လည်း မကြာခင် အဆင်ပြေမည်။ စက်ပစ္စည်းများ ဝင်မည်။ ငွေကြေးများစွာ ဝင်မည်။ အရိုး၊ အကြောနှင့်ပတ်သက်၍ ကျန်းမာရေး သတိထားပါ။ ပညာရေးနှင့်ပတ်သက်၍ သာမန်ကြိုးစားမှုထက် ပိုကြိုးစားရမည်။ မေတ္တာရေးသည်ကား ပန်းတိုင်ရောက်ဖို့ သိပ်မလိုတော့ပါ။
အကျိုးပေးသော အရောင် – အပြာရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ ဆီးသီး
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်း ကပ်လှူပါ။

ဗုဒ္ဓဟူး

မြေ ဝင်မည်။ အတိုက်အခံ ကြုံနေရသောကိစ္စများ မကြာမီ အဆင်ပြေမည်။ ထီ(သို့) ထီနှင့် အလားတူ ငွေဝင်မည်။ ဖြေဆိုရမည့် စာမေးပွဲ၊ သင်တန်းကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် အကြောင်းဆက်၍ ပေါင်းဖက်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – အမဲသား၊ ဒံပေါက်
ယတြာ – ဂန္ဓမာအဖြူ ၁၀ ပွင့် ဘုရားပန်းကပ်လှူပါ။

ကြာသပတေး

ငွေကြေးနှင့်ပတ်သက်၍ ဆုံးရှုံးခြင်း ဖြစ်တတ်သည်။ လုပ်ငန်းများ အဆင်ပြေမည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ အစစအရာရာ အဆင်ပြေမည်။ ပညာရေး ကောင်းပါသည်။ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား အသွင်တူ၍ အိမ်သူဖြစ်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – မှို၊ ဘဲဥ
ယတြာ – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ

ရွှေထည်ပစ္စည်းများ ဝင်မည်။ မိမိစကားများ အောင်မြင်မည်။ ငွေကြေးများစွာ ဝင်မည်။ စက်ပစ္စည်များ မဝယ်သင့်ပါ။ အတိုက်အခံ အနှောင့်အယှက်တစ်ခု ဖြစ်တတ်သည်။ ပညာရေး ကောင်းမွန်မည်။ မေတ္တာရေးသည်ကား ချစ်သူရ၍ မောင်ပျော်ရမည့်ကာလ ဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – မျှစ်၊ အပူအစပ်
ယတြာ – သီလရှင်ကို ငွေလှူပါ။

စနေ

အိပ်မက်ကောင်းတစ်ခု ရလျှင် ထီကံစမ်းပါ။ စားသောက်ဖွယ်ရာများ လက်ဆောင်ရမည်။ လူချစ်လူခင် ပေါများမည်။ သင်ကြံစည်ထားသော ကိစ္စများ ယခုအချိန် အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ လုပ်ငန်းကတော့ စိတ်ပင်ပန်းစရာ ကြုံတွေ့ရတတ်သည်။ မေတ္တာရေး သည်ကား လက်ထပ်မင်္ဂလာဆင်နွှဲရမည့် အခါဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ရွှေဖရုံသီး
ယတြာ – ပေါက်ဆီ ဘုရားဆွမ်းတော်ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ

ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ