ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ပါ

0
600

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

အသက်ရှူလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ဝင်ရောက် ကူးစက်ပျံ့နှံ့စေခြင်း။

အရာဝတ္တုများ၌ ထိကပ်နေသော ရောဂါပိုးများအား လက်နှင့် ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ခြင်း။

သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ

လွန်ခဲ့သည့် ၁၄ ရက်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့သို့ ခရီး သွားခဲ့ခြင်း(သို့မဟုတ်) အဆုတ်ရောင် ရောဂါ (2019 – nCoV) ဖြစ်ပွားသည် ဟု အတည်ပြုခြင်းခံရသူနှင့် အတူနေထိုင် ခဲ့ခြင်းတို့ ရှိခဲ့ပြီး ဖျားခြင်း(အပူချိန် 38 ဒီဂရီ C / 100.4 ဒီဂရီ F နှင့် အထက်ရှိခြင်း) ချောင်းဆိုး ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ အားအင် ကုန်ခမ်းခြင်း။

ကာကွယ်နိုင်မည့်နည်းလမ်းများ

၁။ အဆုတ်ရောင်ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ ခြင်းမှ ရှောင်ကြဉ်ပါ။

၂။ လက်ကိုဆပ်ပြာဖြင့် စင်ကြယ် အောင် မကြာခဏ စနစ်တကျဆေးကြောပါ။

၃။ နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ။

၄။ တစ်ရှူးအသုံးပြုပါက အမှိုက်ပုံး ထဲသို့ စနစ်တကျစွန့်ပစ်ပါ။ လက်ကို စနစ်တကျပြန်လည်ဆေးကြောပါ။

၅။ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ပါ။ အာဟာရပြည့်၀စွာ စားသုံးပါ။ ကောင်းစွာအိပ်စက်အနား ယူပါ။

၆။ တိရစ္ဆာန်များနှင့် အကာအကွယ်မပါ ဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

ရောဂါကူးစက်ခံနေရသည်ဟု သံသယ ရှိပါက

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် အဆုတ်ရောင်ရောဂါ (၂၀၁၉ – ညဃသဠ) သံသယရှိသူကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများ သို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူနိုင်ရန် ကူညီပါ။

ပြည်တွင်း၊ ပြည်ပခရီးသွားများ အနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ အကြံပေးချက်များကို လိုက်နာပါ။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန