ပြည်သူ့ဝန်ဆောင်မှုလုပ်ထုံးလုပ်နည်း မလိုက်နာသည့်ဝန်ထမ်းများကိုအရေးယူမည်

0
434

ဌာနဆိုင်ရာလုပ်ငန်းများစနစ် တကျဆောင်ရွက်ရမည့်လုပ်ထုံးလုပ် နည်းများ (SOP) စာအုပ်ပါလုပ်ထုံးလုပ် နည်းများကိုမလိုက်နာသည့်ဝန်ထမ်းများ ကိုအရေးယူစေမည်ဟု တနင်္သာရီတိုင်း ဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောကြားသည်။

ထားဝယ်မြို့၌ ဇန်နဝါရီလ ၃၁ရက် နေ့တွင် ကျင်းပသည့်တိုင်းလွှတ်တော် အစည်း အဝေးတွင်ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မျက်မှောက်ကာလတွင်ဌာနဆိုင် ရာများကပြည်သူများ၏အခြေခံလိုအပ် ချက်များကိုတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီတိကျမှန် ကန်မြန်ဆန်စွာဝန်ဆောင်မှုပေးနိုင်ရန် ဖြစ်ကြောင်း SOP (Standard Operation Procedures) စာအုပ်ကိုတနင်္သာရီတိုင်းအစိုးရကထုတ်ဝေခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။

ပြည်သူလူထုအတွက်ရိုးရှင်းလွယ် ကူသည့်စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှုများပေး နိုင်ရန်ရည်ရွယ်ထုတ်ဝေခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။

SOP စာအုပ်ပါလုပ်ထုံးလုပ်နည်း များကိုဌာနဆိုင်ရာတွေအနေဖြင့်ပြည်သူ များအားဝန်ဆောင်မှုပေးရာတွင်လုပ်ထုံး လုပ်နည်းပါအတိုင်းလိုက်နာကျင့်သုံး ခြင်းမရှိပါကသက်ဆိုင်ရာနိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များနှင့်အညီစိစစ်၍စုံစမ်းစစ်ဆေးစေမည်ဟု ဒေါ်ရီရီချိုက ဆိုသည်။

မလိုက်နာကြောင်းစိစစ်တွေ့ရှိပါကပြည်ထောင်စုအစိုးရအဖွဲ့ရုံးက တစ်ဆင့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဝန် ထမ်းအဖွဲ့အစည်းအကြီးအမှူးများထံ တင်ပြသွားမည်ဟု ၎င်းက ပြောသည်။

“စိစစ်ပြီးမှန်ကန်ကြောင်းပေါ်ပေါက် ပါကသက်ဆိုင်ရာဝန်ထမ်းအားတည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း များနှင့် အညီအရေးယူစေမည်”ဟု ၎င်း က လွှတ်တော်တွင်ပြောသည်။

၂၀၁၈ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆အရ တိုင်းဒေသကြီးအစိုးရသည် တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့်ယင်း လက်အောက်ရှိဌာန/အဖွဲ့အစည်းများကိုစီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ် ခြင်း၊ စစ်ဆေးခြင်းပြုနိုင်သည်။

ဌာနဆိုင်ရာများမှဆောင်ရွက်ပေးလျက်ရှိသည့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း စဉ်များအားပြည်သူများမှလွယ်ကူစွာသိ ရှိပြီးပြည်သူနှင့်ဌာနဆိုင်ရာများအကြား အပြန်အလှန်လေးစားယုံကြည်အားကိုး မှုများတိုးပွားလာစေရန် ၎င်းစာအုပ်ကို ထုတ်ဝေခြင်းဖြစ်ကြောင်း ဒေါ်ရီရီချိုက ပြောသည်။

ယင်း လုပ်ထုံးလုပ်နည်းများကို မလိုက်နာပါကဌာနဆိုင်ရာများကိုအရေး ယူရန်အစီအစဉ်ရှိမရှိမေးခွန်းမေးခဲ့သည့် တနင်္သာရီမြို့နယ်တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကမူ ဌာနဆိုင်ရာများအမှန်တကယ် ပွင့်လင်း မြင်သာစွာဝန်ဆောင်မှုပေးခြင်းရှိမရှိ တိုင်း အစိုးရအနေဖြင့်စဉ်ဆက်မပြတ်စောင့် ကြည့်စစ်ဆေးရန်လိုအပ်ကြောင်းမှတ် ချက်ပြုခဲ့သည်။

တိုင်းအစိုးရမှထုတ်ပြန်ထားသောအထက်ပါဌာနဆိုင်ရာလုပ်ငန်းများစနစ် တကျဆောင်ရွက်ရမည့်လုပ်ထုံးလုပ် နည်းများ(SOP) စာအုပ် APP ကိုမိုဘိုင်း ဖုန်းများဖြင့်Google play Store တွင် Tanintharyi SOP ဟုရိုက်နှိပ်ကာ အခမဲ့ဒေါင်းလုပ်ရယူနိုင်သည်။

Dawei Watch