လိုင်စင်ရှိမှ ဂျင်းမွေးပါ

0
447

ခွင့်ပြုချက်လုပ်ငန်းလိုင်စင်မရှိဘဲ ဂျင်းမွေးပါကဥပဒေနှင့်အညီအရေးယူမည်ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်းက ပြောသည်။

ဇန်နဝါရီလ ၃၁ရက်တွင်ကျင်းပသည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူး ငွေစိုး ၏ဒေသခံများ သဘောမတူဘဲဂျင်း မွေး မြူရေးလုပ်ကိုနေသည့်နေသည့်ကိစ္စနှင့် ပတ်သက်သည့် မေးမြန်းမှုကိုအထက်ပါ အတိုင်း ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့နယ်မအိုင်ကျေးရွာအနီးရှိ ကျွန်းငယ်တွင်လုပ်ငန်းရှင်များကဂျင်း မွေမြူရေးလုပ်ကိုင်လာကြသဖြင့်ယင်းလုပ်ငန်းရှင်များနှင့် ဒေသခံဂွေးထိုး၊ ပကန်းနှိုက်၊ ကဏန်းခုတ်၊ ပိုက်ငယ်ဆွဲ သူများကဝမ်းစာရှာရန်အခက်အခဲရှိနေကြောင်းဗိုလ်မှူးငွေစိုးက ပြောဆိုခဲ့သည်။

ဝန်ကြီး ဦးမြင့်စန်းက၎င်းနေရာ သည် ဒေသခံများနှင့်ညှိနှိုင်းသဘောတူ မှသာမွေးမြူခွင့် လိုင်စင်ရယူပြီး ဆောင် ရွက်ရမည် ဖြစ်သောကြောင့်ဂျင်းခရုမွေး မြူသူများအားဆက်လက် မပြုလုပ်ဘဲရပ် နားရန်မှာကြားကာမွေးမြူခွင့် လိုင်စင် မရှိဘဲဂျင်းဆက်မွေးပါကဥပဒေအရ အရေးယူမည်ဟုပိုင်ရှင်များကိုဇန်နဝါရီ ၂၀ရက်စွဲဖြင့်စာပို့ပြီး ဖြစ်ကြောင်း ဖြေဆို ခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်း၂၀၁၉-၂၀ အတွင်းလုပ်ငန်းရှင်၁၄ဦးကို တစ်နှစ်တစ် ရာသီဂျင်းခရုမွေးခွင့် လိုင်စင်ချထားပေး ထားကြောင်းဦးမြင့်စန်းက ပြောသည်။

Dawei Watch