ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
833

၂၇ – ၁ -၂၀၂၀ မှ ၂ – ၂ -၂၀၂၀ အထိ

တနင်္ဂနွေ
အလှူအတန်းများ ပြုရတတ်သည်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေမည်။ ဥစ္စာပစ္စည်းများ စုဆောင်းမိမည်။ အဖိုးတန်ပစ္စည်းများ ပျောက်ရှတတ်သည်။ အလေးအပင် မခြင်း၊ အကြောနှင့်ပတ်သက်၍ သတိထားပါ။ လူငယ်များ ပညာရေးကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်လိုက် အဆင်ပြေလိုက် ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အရှေ့တောင်အရပ်
ယတြာ – ဆွမ်းခံဘုန်းကြီးတစ်ပါးအား ဆွမ်းနှင့် ဟင်းလှူဒါန်းပါ။

တနင်္လာ
ခရီးမကြာခဏ သွားရတတ်သည်။ ငွေကြေးများ ဝင်လာသလို ပြန်ထွက်နေတတ်သည်။ စီးပွားရေး အဆင်ပြေမည်။ စက်ပစ္စည်းများ မဝယ်သင့်သောကာလ ဖြစ်သည်။ ပညာရေး အလယ်အလတ် ဖြစ်နေတတ်သည်။ မိခင်၊ ဖခင်ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား ဖူးစာရှင်နှင့် ဆုံစည်း ရပါမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနီရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – နဂါးမောက်သီးကို ခွဲစိတ်၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

အင်္ဂါ
စပ်တူရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ မော်တော်ကား ဝင်မည်။ နာရီ ဝင်မည်။ နိုင်ငံရပ်ခြား ခရီးများ သွားရ တတ်သည်။ ပညာရေးပေါ့ဆလျှင် ကိုယ်ခံရနိုင်သောကာလ ဖြစ်သည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အနီရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်း ကပ်လှူပါ။

ဗုဒ္ဓဟူး
ယခုကာလ၌ တယ်လီဖုန်း မဝယ်သင့်ပါ။ ပညာရေးကိစ္စ အဆင်ပြေမည်။ လူမျိုးကွဲတို့ ကူညီ မစမှု ခံရမည်။ မြေ ဝင်မည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ လုပ်ငန်းထဲ၌ စိတ်အနည်းငယ် ပင်ပန်းရတတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ်၊ အချစ်မှန်သည် မဖြောင့်ဖြူးသောလမ်းကို အရင်လျှောက်ရသည်ဟုပင် ပြောရတော့မည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – ခဲပုပ်ရောင်၊ ဇီးရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – ဂန္ဓမာအဖြူတစ်စည်း ဘုရားပန်းကပ်လှူပါ။

ကြာသပတေး
လုပ်ငန်းနေရာ အပြောင်းအလဲ ဖြစ်တတ်သည်။ ဘုရားဖူးခရီးများ သွားရခြင်း၊ တန်ခိုးကြီးဘုရားပုံ များ ရှိခြင်းဖြစ်မည်။ မည်သည့်အခက်ခဲမဆို အောင်မြင်အဆင်ပြေမည်။ မြေ ဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ သင်တန်းတက်ခြင်းကိစ္စ အဆင်ပြေမည်။ မေတ္တာရေးသည်ကား ချစ်လျက်နဲ့ အိုက်တင်မခံပါနှင့်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အစိမ်းရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – သရက်သီးအမှည့်ကို ခွဲစိတ်၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ
စိန်ထည်ပစ္စည်းများ ဝင်မည်။ ဈေးဆိုင်ဖွင့်ခြင်းလုပ်ငန်း ကောင်းသည်။ ခရီးမကြာခဏ သွားရ တတ်သည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးတတ်သည်။ ပညာရေးကတော့ လက်ရှိထက်ပိုကြိုးစား ရမည်။ ငွေကြေးများစွာ ဝင်မည်။ လူတိုင်းကို မယုံသင့်သောကာလ ဖြစ်သည်။ မေတ္တာရေး သည်ကား အသွင်တူ၍ အိမ်သူဖြစ်ရတတ်သည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – သာကူမုန့် ဘုရားဆွမ်းတော် ကပ်လှူပါ။

စနေ
လုပ်ငန်းများ တိုးတက်ဖြစ်ထွန်း၍ စိတ်ချမ်းသာရမည်။ ငွေကြေးများ စုဆောင်းမိမည်။ ပညာရေး အဆင်ပြေမည်။ အရေးကြီးသောကိစ္စများ ယခုအချိန်ဆောင်ရွက်လျှင် မုချအဆင်ပြေမည်။ အစာမှား ဆေးမှား သတိထားပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့် လက်ထပ်ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – လိမ္မော်ရောင်၊ အဖြူရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့်ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ