ဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရန်ကုန် ဆုအများဆုံးရ

0
501

ထားဝယ်မြို့တွင် ကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ်ပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရန်ကုန်မှ ကစားသမားများ ဆုအများဆုံးရရှိခဲ့ ကြောင်းတနင်္သာရီ တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ထံမှ သိရသည်။

ပြိုင်ပွဲအမျိုးအစား လေးမျိုးတွင် အသင်းအလိုက်ပြိုင်ပွဲနှင့် အလွတ်တမ်း ပြိုင်ပွဲ၊ အသက် ၅၄ နှစ်အထက်ပြိုင်ပွဲ များတွင် ရန်ကုန်မှ ၇ ဆုရရှိကာ ပြည်မြို့ မှ နှစ်ဆု၊ ထားဝယ်မှ တစ်ဆု၊ မြိတ်မှ တစ်ဆု အသီးသီးရရှိခဲ့ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။

“(ထားဝယ်က) ဆုရသူတော့ နည်း တယ်။ ကျွန်တော်တို့ ဆက်လက်ကြိုးစားဖို့ လိုအပ်သေးတယ်ပေါ့။ ထားဝယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမား ကလည်း နည်းတယ်”ဟု ဦးသန့်ဇင်က ဆိုသည်။

အဆိုပါပြိုင်ပွဲတွင် မွန်၊ ကရင်၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ ပြည် စသဖြင့် တိုင်း နှင့် ပြည်နယ် ၁၁ ခုမှ နိုင်ငံအဆင့် လက်ရွေးစင်ကစားသမားများနှင့် ဝါသနာရှင်ကစားသမား ၉၀ ဦးခန့်လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်ဟု ၎င်းက ပြောသည်။

နိုင်ငံအဆင့် ဖိတ်ခေါ်စားပွဲတင် တင်းနစ်အားကစားပြိုင်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ထားဝယ် ရွှေဝယ်သီရိ အားကစားကွင်းတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ ပြီး အသင်းပေါင်း ၂၈ သင်းနှင့် ပြိုင်ပွဲဝင် ကစားသမား ၁၂၈ ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြသည် ဟု ဦးသန့်ဇင် က ပြောသည်။

အဆိုပါပြိုင်ပွဲကို တိုင်းအားကာ/ပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေ ကြီးစားပွဲတင် တင်းနစ်ဆပ်ကော်မတီ၊ WOW SPORTS Co., Ltd၊ ထားဝယ် ကွမ်းသီးလုပ်ငန်းရှင်များ အသင်းစသည့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ကျပ် သိန်း ၁၇၀ ခန့်ကုန်ကျခံကာ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါဆပ်ကော်မတီ ထံမှ သိရသည်။

မိုးမြင့်