မြိတ်မြို့တွင်းသို့ ဘုရားဖူးယာဉ်ကြီးများ စနစ်တကျဝင်ထွက်နိုင်ရေး ဆောင်ရွက်မည်

0
560

မြိတ်မြို့တွင်းသို့ ဘုရားဖူးမှန်လုံယာဉ် ကြီးများစနစ်တကျ ဝင်ရောက်နိုင်ရန် အတွက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်ကုန်တင်ယာဉ်ကြီးများကြီး ကြပ်ရေးကော်မတီထံမှ သိရသည်။

ဘုရားဖူးမှန်လုံယာဉ်ကြီးများစနစ် တကျဝင်/ထွက်ပြုလုပ်နိုင်ရန်ပြီးခဲ့သည့် ဇန်နဝါရီလ၇ ရက်က ယာဉ်ထိန်းရဲ၊ ရဲတပ်ဖွဲ့၊ စည်ပင်ကော်မတီစသဖြင့်သက် ဆိုင်ရာဌာနများမှတာဝန်ရှိသူများ ပါဝင် သည့်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို စည်ပင် သာယာရေးကော်မတီရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

မြိတ်မြို့အဝင်ကျွဲကူး-ကျောက်ဖျား တံတားဂိတ်မှ ဟိုတယ်၊ တည်းခိုခန်း တို့၏ ဖုန်းနံပါတ်များနှင့် ဆက်သွယ်မေး မြန်းနိုင်မည့်တာဝန်ရှိသူများ၏ ဖုန်းနံ ပါတ်များပါသည့် လမ်းညွှန်လက်ကမ်း စာစောင်များကို ဘုရားဖူးယာဉ်များအား ဖြန့်ဝေပေးရန် စီစဉ်နေကြောင်း ကုန်တင် ယာဉ်ကြီးများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောပြသည်။

ဘုရားဖူးယာဉ်များစနစ်တကျဝင်/ထွက်နိုင်ရေးအတွက်အစည်းအဝေးထပ်မံ ပြုလုပ်သွားမည်ဖြစ်ပြီးလမ်းညွှန်လက် ကမ်းစာစောင်များ ဖြန့်ဝေပေးမည့်အချိန် အားအတိအကျမသိရသေးကြောင်းကော် မတီဥက္ကဋ္ဌဦးသန့်ဇင်က ပြောပြသည်။

ထို့ပြင်စည်းကမ်းမဲ့မောင်းနှင်နေ ကြသည့်မြေ၊ သဲ၊ ကျောက်တင်ယာဉ်တို့အားမော်တော်ယာဉ် ဥပဒေနှင့် စည်ပင် ဥပဒေတို့ဖြင့် အရေးယူရန်၊ မြို့တွင်းသို့ ဝင်ရောက်နေသည့် ၁၂ ဘီးယာဉ်ကြီး၊ နောက်တွဲယာဉ်ကြီးများနှင့် ဆီဘောင်ဆာယာဉ်ကြီးများကိုလည်း စနစ်တကျ စီမံဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

မြင့်မိုရ်(မြိတ်)