ရန်ဖြစ်ပြီး အိမ်မှဆင်းသွားသည့် ဇနီးကို ပြန်ခေါ်ရာမှ ရဲတင်းဖြင့် ခုတ်

0
933

မြိတ်တွင် ရန်ဖြစ်ပြီး အိမ်ပေါ်မှ ဆင်းသွားသည့် ဇနီးသည်ကို ပြန်လိုက် ခေါ်ရာမှ ထပ်မံစကားများပြီး အမျိုးသား ဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

တနင်္သာရီမြို့နယ်နေ လင်မယား နှစ်ဦးစကားများပြီး ဇနီးဖြစ်သူက မိဘ အိမ်ရှိသည့် မြိတ်မြို့တွင် လာရောက် နေထိုင်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဇန်နဝါရီလ ၁၃ ရက်တွင် အသက် ၃၀ နှစ်အရွယ်ခင်ပွန်းဖြစ်သူက ဇနီးကို မြိတ်မြို့၊ အင်းလေးမြိုင် ၅ ရပ်ကွက်ရှိ နေအိမ်တွင် ပြန်လာခေါ်စဉ် ထပ်မံစကားများ ကြကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ထိုသို့ စကားများနေသည်ကို ဝင်ရောက်ဟန့်တားသည့် အသက် ၄၆ နှစ်အရွယ် ယောက္ခမ အမျိုးသမီးနှင့် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ခင်ပွန်း ဖြစ်သူက အသင့်ပါလာသည့် ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ရဲဒင်းဖြင့် ခုတ်ခဲ့ခြင်းကြောင့် ပြတ်ရှ ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး စိုးရိမ်ရပြီး ဒဏ်ရာရသည့် အမျိုးသမီးနှစ်ဦးကို မြိတ် ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတင်းဖြင့် ခုတ်ခဲ့သည့် အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၃၂၆ ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch