ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
1006

၂၀ – ၁ -၂၀၂၀ မှ ၂၆ – ၁ -၂၀၂၀ အထိ

တနင်္ဂနွေ

လုပ်ငန်းများ အဆင်ပြေ အောင်မြင်မည်။ ပရိဘောဂပစ္စည်းများ ဝင်မည်။ အိုးအိမ်ဝယ်ရခြင်း၊ ဆောက်လုပ်ရခြင်း ဖြစ်တတ်သည်။ လူငယ်များ ပညာရေးရည်မှန်းချက်များ အောင်မြင်မည်။ တယ်လီဖုန်း၊ ယာဉ်များ ပျောက်ရှတတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့်တွဲလက်များ ခိုင်မြဲပါမည်။
အကျိုးပေးသော အရောင် – အနီရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အနောက်တောင်အရပ်
ယတြာ – သိမ်၊ ကျောင်း ဆောက်လုပ်ရာ၌ အလှူငွေများ ပါဝင်ပါ။

တနင်္လာ

ခရီး သွားရတတ်သည်။ ဇိမ်ခံပစ္စည်းအမျိုးမျိုး ရရှိမည်။ သောကြာသားသမီးများက သင့်ကို ကူညီမစမည်။ လုပ်ငန်းထဲ၌ စိတ်အနည်းငယ် ပင်ပန်းရတတ်သည်။ တယ်လီဖုန်းများ၊ ပစ္စည်များပျောက်ရှ ပျက်စီးတတ်သည်။ ကျန်းမာရေး ဂရုပြုရမည့်ကာလ ဖြစ်သည်။ မေတ္တာ ရေးသည်ကား အကြောင်းဆက်၍ ပေါင်းဖက်ရမည့်ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – ဗောဓိညောင်ပင်အား သက်စေ့ရေလောင်းပါ။

အင်္ဂါ

ငွေကြေးများစွာ ဝင်မည်။ ဘာပဲကြံစည်ကြံစည် အဆင်ပြေမည်။ နိုင်ငံခြားသား လူမျိုးကွဲများနှင့် ဆုံစည်း ရတတ်သည်။ မြေခြံရောင်းချမည့် ကိစ္စများ အဆင်ပြေမည်။ ပညာရေးကိစ္စ၊ သင်တန်း ကိစ္စများ အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား ချစ်သူက သင့်မေတ္တာကို လက်ခံပါလိမ့်မည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ လိမ္မော်ရောင်
မသွားသင့်သော အရပ် – အရှေ့မြောက်အရပ်
ယတြာ – နှင်းဆီပန်း ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

ဗုဒ္ဓဟူး

အိမ်သို့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်လာလျှင် ထီကံစမ်းပါ။ လူမျိုးကွဲတို့ ကူညီ မစမည်။ ပညာရေးကိစ္စ အဆင်ပြေမည်။ ယခုလ၌ ယာဉ် မဝယ်ပါနှင့်။ သွေးတိုး၊ သွားကိုက် ရောဂါများ သတိထားပါ။ လုပ်ငန်းများနှင့်ပတ်သက်၍ အပြောင်းအလဲ ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား အချစ်စစ်အချစ်မှန်သည် မဖြောင့်ဖြူးဆိုသကဲ့သို့ ဖြစ်နေတတ်သည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – ခဲပုပ်ရောင်၊ နီညိုရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – စာကလေးများကို အစာကျွေးပါ။

ကြာသပတေး

အိပ်မက်ကောင်းများ မက်နေရတတ်၏။ ပညာသင်ခြင်း၊ သင်တန်းတက်ခြင်း ကိစ္စများ အဆင် ပြေမည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ ကျန်းမာရေးမကောင်းသူများ ဆေးဝါးတိုး၍ ကျန်းမာလာမည်။ လုပ်ငန်း (သို့မဟုတ်) နေရာအပြောင်းအလဲ ဖြစ်တတ်သည်။ မေတ္တာရေး သည်ကား နီးသလိုလိုနဲ့ ဝေးနေရတတ်သည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အနီရောင်
မသွားသင့်သော အရပ် – အရှေ့အရပ်
ယတြာ – သီလရှင်များကို ဆန်နှင့် ငွေလှူဒါန်းပါ။

သောကြာ

ဈေးဆိုင်ဖွင့်ခြင်း ကိစ္စများ ကောင်းသည်။ လူငယ်များ အလုပ်အကိုင် အဆင်ပြေမည်။ TV၊ Aircon၊ ပန်ကာများ စသော စက်ပစ္စည်းများ ဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ မိတ်ဆွေများ နှင့်ခွဲခွာရခြင်း၊ မိတ်ပျက်ခြင်း ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား မင်္ဂလာအခါရောက်ရှိ နေပါသည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ အနီရောင်
မသွားသင့်သော အရပ် – တောင်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

စနေ

ဘုရားဖူးခရီးများ သွားရမည်။ ထီပေါက်သလို ငွေဝင်မည်။ အိုးအိမ်ဝယ်ခြင်း ဆောက်ခြင်းများ ပြုရတတ်သည်။ ပညာရေး အဆင်ပြေမည်။ ကျန်းမာရေး အညံ့မရှိပါ။ အကယ်၍ သင်သည် အလုပ်တစ်ခုလျှောက်ထားလျှင် ထိုကိစ္စအောင်မြင်မည်။ မေတ္တာရေးသည်ကား အထီးကျန်ဘ၀မှ လွတ်မြောက်ရမည်ဖြစ်သည်။
အကျိုးပေးသော အရောင် – အဖြူရောင်၊ လိမ္မော်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ အနက်ရောင်
မသွားသင့်သော အရပ် – အနောက်အရပ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ