ဟိုတယ်များ လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်းလုပ်က ထောင်ကျနိုင်

0
764

ဟိုတယ်များတွင် ခရီးလှည့်လည် ရေးလိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ ဆောင်ပါက ထောင်တစ်နှစ်အထိ ကျခံ ရနိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန(ဟိုတယ်/ခရီး) ထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် အချို့တွင် ခရီးလှည့်လည်ရေးလိုင်စင် မရှိဘဲ ခရီးစဉ်ပို့ဆောင်မှုများရှိနေသည့် အတွက် ယင်းကဲ့သို့ စာထုတ်အသိပေး ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ဆိုသည်။

“(ဟိုတယ်က)လုပ်မယ်ဆိုရင် ခရီး လှည့်လည်ရေးလိုင်စင်ကို ထပ်လျှောက်ရမယ်”ဟု ဦးညိုအေးက ပြောသည်။

ဟိုတယ်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်လိုပါက ခရီးလှည့်လည်ရေး လိုင်စင်လုပ်ရန် လိုအပ်ပြီး လိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ဆောင်ပေးပါက ခရီး သွားလုပ်ငန်းဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ တွင် လိုင်စင်မရှိဘဲ ခရီးလှည့်လည်ရေး လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှုလုပ်ငန်းမလုပ်ရဟု တားမြစ်ထားပြီး ဖောက်ဖျက်ပါက တစ် နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသည့် ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံ ရမည်ဖြစ်သည်။

ထိုကြောင့် ခရီးသွားလုပ်ငန်း စနစ် တကျတိုးတက်စေရန်နှင့် မလိုလားအပ် သည့် ပြဿနာများမဖြစ်ပေါ်စေရန် အတွက် ဟိုတယ်လုပ်ငန်းရှင်များအနေ ဖြင့် ခရီးစဉ်များ စီစဉ်ရောင်းချခြင်း မလုပ်ရန် ဟိုတယ်/ခရီးဌာနက တိုင်း အတွင်းရှိ ဟိုတယ်များကို ဇန်နဝါရီလ ၉ ရက်က စာဖြင့် အသိပေးအကြောင်း ကြားထားသည်။

ယင်းအပြင် ခရီးသွားကုမ္ပဏီများ နှင့် ချိတ်ဆက်ပို့ဆောင်မည်ဆိုပါက လိုင်စင်သက်တမ်းရှိ ခရီးသွားကုမ္ပဏီ များဖြင့်သာ ချိတ်ဆက်ပေးရန် အဆိုပါ စာတွင် ထည့်သွင်းဖော်ပြထားသည်။

လိုင်စင်မရှိဘဲ ပို့ဆောင်နေမှုများကြောင့် တရားဝင်လိုင်စင်လုပ်ထားသည့် ခရီးသွားကုမ္ပဏီများ နစ်နာနေသည့် အတွက် ယင်းကဲ့သို့ ကြပ်မတ်ခြင်းအပေါ် ကြိုဆိုကြောင်း ထားဝယ်ခရိုင်ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်မိုးမိုးသူ က ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ခရီးလှည့် လည်ရေးကုမ္ပဏီ ၁၀၈ ခုရှိပြီး ဟိုတယ် ၄၃ လုံးရှိကြောင်း တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

Dawei Watch