ကြားခံစစ်ပွဲ

0
816

အခုတော့ နိုင်ငံကြီးတွေက အချင်းချင်း သူတို့နယ်မြေတွင် စစ်တိုက်ခြင်း သိပ်တော့ ခေတ်မစားလှတော့ပါ။ ဥပမာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ အီရန်တို့ဟာ စစ်ဖြစ်နေကြတယ်။ ဒါပေမဲ့ အမေရိကန် မြေမှာ အီရန် သွားတိုက်နေတာမျိုး မဟုတ်။ အီရန်မြေမှာ အမေရိကန်က သွားတိုက် နေတာမျိုးမဟုတ်ဘဲ အခြားသူတို့မြေ မဟုတ်တဲ့ နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေတာမျိုး၊ ပဋိပက္ခတွေ ဖြစ်နေတာ မျိုးပါ။ အခုဆိုရင် အထင်ရှားဆုံး ဥပမာ ကတော့ ဒီနှစ်နိုင်ငံက ကြားခံနယ်မြေ တစ်ခုဖြစ်တဲ့ အီရတ်နိုင်ငံမှ စစ်ဖြစ်နေ တာပါ။ ဒါကို Proxy War (ကြားခံ စစ်ပွဲ) လို့ ခေါ်သည်။

ကြားခံစစ်ပွဲဆိုသည်မှာ နိုင်ငံ အစိုးရနှစ်ခုအကြား သို့မဟုတ် အစိုးရ မဟုတ်သော အစုအဖွဲ့များအကြား ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိ့ပက္ခ ဖြစ်သည်။ သို့သော် ယင်းနိုင်ငံအစိုးရများ၊ အစိုးရမဟုတ်သော အစုအဖွဲ့များမှာ စစ်ပွဲအတွင်း တိုက်ရိုက်ပါဝင်ပတ်သက် ကြခြင်း မဟုတ်ဘဲ လှုံ့ဆော်ခြင်း အားဖြင့် သော်လည်းကောင်း သို့မဟုတ် အခြား အစိုးရ၊ စစ်ပွဲတွင် တိုက်ရိုက်မပါဝင်သော အစုအဖွဲ့များ ကိုယ်စားပါဝင်ခြင်း ဖြင့် သော်လည်းကောင်း ပါဝင်ကြခြင်း ဖြစ် သည်။

ရှင်းအောင်ပြန်ဆိုရပါက တိုင်းပြည် ကကြီး နှင့် တိုင်းပြည် ခခွေး တို့ တိုက်ရိုက်စစ်မတိုက်တော့ဘဲ အခြားသူ များကို မြှောက်ပေးခြင်းအားဖြင့် သော် လည်းကောင်း၊ ယင်းတိုင်းပြည်နှစ်ခု သည် အခြားနေရာ တိုင်းပြည်တစ်ခုတွင် ကြားခံစစ်မြေပြင်ထား၍ တိုက်ခြင်းဖြင့် သော်လည်းကောင်း စစ်ပွဲဆင်နွှဲကြခြင်း ဖြစ်သည်။

ပဋိပက္ခတစ်ခုကို ကြားခံစစ်ပွဲအဖြစ် သတ်မှတ်ရန် စစ်ဇုန်ဖြစ်နေသော နေရာ (နိုင်ငံ) နှင့် ကြိုးကိုင်နိုင်ငံများအကြား တိုက်ရိုက် ရေရှည်ဆက်ဆံရေး ရှိရမည် ဖြစ်သည်။ ထိုသို့ဆက်ဆံရေးဟု ဆိုရာ၌ စစ်ဇုန်တွင် စဉ်ဆက်မပြတ် ပဋိ့ပက္ခဖြစ် ပွားစေရန် ငွေကြေးထောက်ပံ့ခြင်း၊ စစ်သင်တန်းပေးခြင်း၊ လက်နက်တပ် ဆင်ပေးခြင်း သို့မဟုတ် အခြားနည်း အားဖြင့် ပစ္စည်းကိရိယာများ ထောက်ပံ့ ခြင်း တို့ပါဝင်သည်။

သို့သော် အခြားနေရာတစ်ခုတွင် စစ်ဇုန်ဆင်နွှဲတိုင်း ကြားခံ စစ်ပွဲဟု မဆို နိုင်ပေ။ ဥပမာ အမေရိကန်ပြည်ထောင်စု က အာဖဂန်နိုင်ငံအစိုးရနှင့် ပူးပေါင်း၍ တာလီဘန်နှင့် အယ်ခိုင်းဒါးအဖွဲ့များကို နှိမ်နင်းရေး စစ်ပွဲဆင်နွှဲနေခြင်းမှာ ပုံမှန် စစ်ပွဲဟု ဆိုနိုင်သည်။ ကြားခံစစ်ပွဲဟု မသတ်မှတ်နိုင်သေး။

သို့သော် အီရန်အစိုးရက ယီမင် နိုင်ငံတွင် ဟူသီသူပုန်များနှင့် အတူတကွ လုပ်ကိုင်နိုင်ခြင်းမှာ ကြားခံစစ်ပွဲ ဖြစ် သည်။ ယီမင်တွင် အီရန်က ၎င်းတို့၏ စစ်သားများကို အသုံးပြု၍ တိုက်ခိုက် နေခြင်း မဟုတ်ဘဲ ယီမင်ရှိ ဟူသီသူပုန် များကို လက်နက်ထောက်ပံ့ခြင်း၊ ငွေ ကြေးထောက်ပံ့ခြင်းဖြင့် အစိုးရဆန့် ကျင်ရေး၊ အမေရိကန်နှင့် မိတ်ဖက် ဆော်ဒီဆန့်ကျင်ရေး လုပ်ငန်းများ လုပ် ကိုင်စေသည်။ ယင်းမှာ ကြားခံ စစ်ပွဲ ဖြစ်သည်။

ဆိုတော့ နိုင်ငံအစိုးရများက အဘယ် ကြောင့် ကြားခံထားပြီး စစ်တိုက်ကြသနည်း။ အမေရိကန်ပြည်ထောင်စု အတွက်တော့ အဓိက အကြောင်းရင်း များမှာ ကုန်ကျစရိတ်၊ ဒေသခံစစ်သား များကို အသုံးပြုနိုင်ခြင်း (အမေရိကန် တွေကိုယ်တိုင် တိုက်စရာ၊ အသေခံစရာ မလို)၊ ဒေသခံ စစ်သားဖြစ်သည့် အတွက် ဒေသခံ အရပ်သားများက အမြဲတမ်း မဟုတ်သော်လည်း အတိုင်းအတာ တစ်ရပ်အထိ လက်ခံနိုင်ခြင်း၊ ဒေသခံများ နှင့် ပလဲနံသင့်သည့်အတွက် ထောက်လှမ်း ရေးသတင်းများ ရရှိနိုင်ခြင်း၊ (အမေရိကန် ကဲ့သို့သော နိုင်ငံခြားသား စစ်သားများ ပါဝင်ခြင်း မရှိသဖြင့်) နိုင်ငံခြားသား မုန်းတီးရေး စိတ်အတွက် ဝါဒ ဖြန့်နိုင်သည့် အလားအလာနည်းပါးခြင်း၊ အကယ် ၍သာ ကြားခံ စစ်ပွဲအတွက် အသုံးပြု သော စစ်သားများမှာ ပြောက် ကျားများ ဖြစ်ပါက ဒေသအကြောင်း ပိုသိနိုင်ခြင်း၊ (နိုင်ငံခြား စစ်သားများ မလုပ်နိုင်သည့်) ဒေသခံများနှင့် ရောနှောနေထိုင်နိုင်ခြင်း တို့ကြောင့် ဖြစ်သည်။

အချို့နိုင်ငံအစိုးရများကတော့ သက်ဆိုင်ရာ စစ်မြေနေရာများတွင် ၎င်း တို့ပါဝင် ပတ်သက်မှု မရှိကြောင်း ပြဆို လိုသဖြင့် ကြားခံစစ်သား (ကြားခံစစ်ပွဲ) ကို အသုံးပြုလေ့ရှိသည်။ ဥပမာ ရုရှားက ယူကရိန်းအစိုးရကို ဆန့်ကျင်နေသော သူပုန်များကို ထောက်ပံ့ပေးနေသော် လည်း ၎င်းတို့နှင့် မဆိုင်ကြောင်း အမြဲ တစေ ငြင်းပယ်လေ့ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ယူကရိန်းအစိုးရနှင့် တွေ့သောအခါ ရုရှားအနေနှင့် မျက်နှာ ပျက်စရာမလိုပေ (မျက်နှာပြောင်တိုက် နိုင်သည်)။

သူပုန်ကိစ္စပြဿနာ တစ်ရပ် ရပ်ရှိသော အခါ ရုရှားအနေနှင့် တရားဝင် တုံ့ပြန်စရာ မလိုပေ။

နောက်ထပ် ဥပမာ တစ်ခုမှာ အမေ ရိကန်ပြည်ထောင်စုနှင့် ပါကစ္စတန် အစိုးရတို့ ပူးပေါင်း၍ အာဖဂန်နစ္စတန် နိုင်ငံတွင် အကြမ်းဖက်တိုက်ဖျက်မှု လုပ်ငန်းများ ဆောင်ရွက်နေပြီး ပါကစ္စတန် အစိုးရကမူ တာလီဘန်များကို ထောက်ပံ့ နေကြောင်း ငြင်းဆိုလေ့ရှိသည်။ နောက် ဥပမာ တစ်ခုမှာ အစ္စရေးဖြစ်သည်။ အစ္စရေး သည် အီရန်က လက်နက်နှင့် ဘဏ္ဍာ ငွေ ထောက်ပံ့နေသော လက်ဘနွန်ဟစ်ဇ် ဘိုလာအဖွဲ့များကို စဉ်ဆက်မပြတ်တိုက် ခိုက်နေသည်။ သို့သော် အစ္စရေးသည် အီရန်ကို တိုက်ရိုက်မတိုက်ပါ။ ယင်း ကြောင့် အခြားတစ်ဖက်တွင်တော့ (ဟစ်ဇ်ဘိုလာက မဟုတ်ဘဲ) အီရန်က အစ္စရေး ဒုံးကျည်ပစ်ပြီး တိုက်လာအောင် ရန်စနိုင်သည်။ အကယ်၍သာ အီရန်က အစ္စရေးကို ပြန်ရန်စမိပါက အီရန်က စီးပွားရေး၊ စစ်ရေးနှင့် သံတမန်အရေး တို့တွင် အရှုံးတွေ့မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးက ဟစ်ဇ်ဘိုဇာများကို တိုက်ခြင်းသည် အီရန် တိုက်ခြင်း မဟုတ်ကြောင်း၊ ထိုတိုက်ခိုက် မှုများသည် အီရန်နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုနိုင်သောကြောင့် ဖြစ်သည်။

ယင်းအပြင် ကြားခံစစ်ပွဲမှာ ပိုကြား ကောင်းသည်။ ဥပမာ အမေရိကန်ပြည် ထောင်စုက လစ်ဗျားကို ဗုံးကြဲတိုက်ခိုက် စရာ မလို။ လစ်ဗျားကို ဗုံးကြဲတိုက်ခိုက် နေသော အုပ်စုများကို ထောက်ပံ့ပေး လိုက်ရုံသာ ဖြစ်သည်။ ယင်းမှာ အမေရိ ကန်ပြည်ထောင်စုကဲ့သို့သော အင်အား ကြီး နိုင်ငံအချို့ ကျင့်သုံးနေသော စစ် မတိုက်ဘဲ စစ်တိုက်သော နိုင်ငံခြားရေး မူဝါဒပင် ဖြစ်သည်။

ကြားခံစစ်ပွဲများတွင် အများအား ဖြင့် အစိုးရနှစ်ရပ်၊ အဖွဲ့နှစ်ဖွဲ့ မက ပါဝင်လေ့ရှိသည်။ လတ်တလော ကမ္ဘာ ပေါ်တွင် သွေးထွက်သံယိုအများဆုံး ကြားခံစစ်ပွဲတစ်ရပ်ဖြစ်သော ဆီးရီးယား ပြည်တွင်း စစ်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ အပါအဝင် ဆီးရီးယား၏ အိမ်နီးချင်း အာရပ်နိုင်ငံများလည်း ပါဝင် သည်။ ထိုကြောင့် ထိုကြားခံစစ်ပွဲတွင် ပြင်သစ်၊ အီရန်၊ အစ္စရေး၊ ဂျော်ဒန်၊ ကာတာ၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု တို့ပါဝင်ည်။

ကြားခံ စစ်ပွဲတွင် ပြဿနာ တစ်ပုံ တစ်ပင် ရှိလေ့ရှိသည်။ ခြစားမှု၊ ရက် စက်မှု၊ ပစ်မှတ်ထားသော ရည်မှန်းချက် မပြည့်မှုတို့ ကြုံရတတ်သည်။ နိုင်ငံ (သို့) အစိုးရ က သူတို့ လိုချင်သည့် ပစ်မှတ်အတိုင်း တိုက်ပေးမည့်အဖွဲ့များ ကို ငွေကြေး ဒေါ်လာ သန်းချီ အသုံး ပြုပြီး သင်တန်းပေးခြင်း၊ လက်နက်တပ် ပေးခြင်း နှင့် ငွေကြေးထောက်ပံ့ခြင်းတို့ ရှိသော်လည်း အမှန်တကယ်တွင် လိုရာရည်မှန်းချက် မရောက်သွားသည့် အဖြစ်များလည်း ရှိသည်။

ကြားခံစစ်ပွဲအတွက် ထောက်ပံ့ ပေးခံရသော အဖွဲ့များသည် ပိုမိုအား ကောင်းလာပြီးနောက် အဖွဲ့တည်ထောင် မူလအကူအညီပေးခဲ့သော အစိုးရများကို နောင်တွင် ပြန်ဒုက္ခပေးတတ်သည့် သာဓကများလည်း ရှိသည်။

ယင်းအပြင် အစိုးရများက အဖွဲ့များ ကို ငွေကြေးထောက်ပံ့ပြီး အတိုင်းအတာ တစ်ရပ် အထိ လုပ်ပိုင်ခွင့် ပေးလိုက်ပါက မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွား နိုင်သည်။ တစ်ခါခါ ကြားခံတပ်အမှား၊ ကြားခံအဖွဲ့အမှား (Wrong Proxies) အမှားများ ရွေးမိတတ်သည်ကိုလည်း သတိထားဖွယ်ရာဖြစ်သည်။

ဥပမာ နာမည်ကျော် အကြမ်းဖက် ခေါင်းဆောင် အိုစမာ ဘင်လာဒင်မှာ အမေရိကန်ပြည်ထောင်စု ၏ လျှိူ့ဝှက်ကြားခံ စစ်ပွဲတစ်ခုတွင် အမေရိကန် အတွက် အလုပ်လုပ်ပေးဖူးကြောင်း စွပ်စွဲ ချက်များစွာ ရှိသည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အကြား စစ်အေးတိုက်ပွဲ အတွင်း အာဖဂန်-ဆိုဗီယက်စစ်ပွဲ ကာလ အတွင်း အာဖဂန်လက်နက်ကိုင်များကို အမေရိကန်ပြည်ထောင်စုက လက်နက် ထောက်ပံ့ပေးခဲ့သည်။ ယင်း ကြားခံ စစ်ပွဲကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ CIA က ဆိုင်ကလုန်းစီမံချက်ဟု အမည်တပ်ခဲ့ပြီး နှစ်စဉ် အမေရိကန် ဒေါ်လာ သန်းဆယ်ချီသုံးခဲ့သည်။ ၁၉၈၇ ခုနှစ်တွင် ကန်ဒေါ်လာ သန်း ၆၃၀ အထိ အသုံးပြုခဲ့သည်။ ထိုကာလက အိုစမာ ဘင်လာဒင်မှာ အမေရိကန်အထောက် အပံ့ဖြင့် မြေအောက် သင်တန်းများ ပေးခဲ့ဖူးသည်ဟု ကျယ်ပြန့်စွာ စွပ်စွဲမှုများ ရှိသည်။

နောက်ပိုင်းတွင် အိုစမာ၏ လက်တံ မှာ ပိုရှည်လာပြီး အမေရိကန်ပြည်ထောင်စု ရှိ နာမည်ကျော် အမြွှာညီနောင်ကို တိုက်ခိုက်သည်အထိ ဖြစ်လာသည်။ ထိုနောက်တွင်မှ ဆယ်စုနှစ်ပေါင်းများစွာ အိုစမာကို အနံ့ခံပြီးနောက် ၂၀၁၁ ခုနှစ် တွင်မှ ပါကစ္စတန်နိုင်ငံတွင် ပုန်းအောင်း နေစဉ် သုတ်သင်နိုင်ခဲ့သည်။

References :

https://www.brookings.edu/blog/order-from-chaos/2018/05/21/why-engage-in-proxy-war-a-states-perspective/

http://news.bbc.co.uk/2/hi/middle_east/1670089.stm

https://nationalinterest.org/feature/why-states-are-turning-proxy-war-29677

OsmaDczyk, Jan Edmund (2002). Encyclopedia of the United Nations and International Agreements. Abingdon: Routledge Books. p. 1869. ISBN 978-0415939201.