ဘုတ်ပြင်းတွင် ဇာတ်မင်းသမီးကို ဆုတက်ပေးရာမှ ခြောက်ဘီးကားကို မီးရှို့ မှုဖြစ်ပွား

0
880

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ နယ်တွင် ဇာတ်ပွဲကနေသည့် မင်းသမီးကို ဆုတက်ပေးစဉ် ဇာတ်စင်အောက် ဆွဲချခံရသည်ကို မကျေနပ်သဖြင့် အမျိုးသားအချို့က ခြောက်ဘီးကား တစ်စီးကို မီးရှို့ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၊ မနိုးရုံးကျေးရွာ အုပ်စုတွင် ကပြဖျော်ဖြေနေသည့် ဇာတ်ပွဲ တွင် အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသား က မင်းသမီးကို ဇန်နဝါရီလ ၇ ရက်ည က ဆုတက်ပေးခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ထိုသို့ ဆုတက်ပေးစဉ် အသက် ၄၀ နှစ်အရွယ် အမျိုးသားက ဇာတ်စင်ပေါ် မှ ဆွဲချရာ ဆုတက်ပေးသည့် အမျိုးသားက ဇာတ်စင်အောက်သို့ မှောက်လျက်ကျ သွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းသို့ဆွဲချခံရသည်ကို မကျေနပ်သဖြင့် သူငယ်ချင်း သုံးဦးအားပြောပြပြီး ဇာတ်ပွဲမှပြန်လာရာ ဇာတ်စင်ပေါ်မှဆွဲချ သည့် အမျိုးသား၏ အိမ်နံဘေးတွင် ရပ်ထားသည့် ခြောက်ဘီးကားမှ ဆီပိုက် ကိုဖြတ်ကာ မီးရှို့ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ထိုသို့မီးရှို့သည်ကို အခြားအမျိုးသား တစ်ဦးက မြင်တွေ့လိုက်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။

ဆီပိုက်ဖြတ်ကာမီးရှို့သဖြင့် ခြောက်ဘီး ကား၏ ဦးခေါင်းပိုင်းနှင့် စာရွက်စာတမ်း များ မီးလောင်သွားခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ကားကို မီးရှို့သည့် အမျိုးသားလေးဦးကို ရာဇသတ် ကြီးပုဒ်မ – ၄၃၅ဖြင့် မဏ္ဍိုင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch