တိုင်းလွှတ်တော် အစည်းအဝေး ဇန်နဝါရီလကုန် ကျင်းပမည်

0
388

တိုင်းဒေသကြီးလွှတ်တော် ပုံမှန် အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်တွင် စတင်ကျင်းပမည်ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးထံမှ သိရသည်။

အစည်းအဝေး ကျင်းပရက် ၃ ရက် လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆိုသည်။

ယခုကျင်းပမည့်အစည်းအဝေး သည် ဒုတိယအကြိမ်တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ ၁၅ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၈ တွင် ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ သက်တမ်း ၄ နှစ်တိတိ ပြည့်ပြီ ဖြစ်သည်။

Dawei Watch