တည်းခိုခန်းကွင်းဆက်မှ တစ်ဆင့် လူလေးဦးထံမှ မူးယစ်ဆေးဝါး ဖမ်းမိ

0
1583

ထားဝယ်မြို့ရှိ တည်းခိုခန်းတွင် တည်းခိုနေသူနှစ်ဦးထံမှ မူးယစ်ဆေးများဖမ်းမိခဲ့ပြီး ကွင်းဆက်တရားခံနှစ်ဦး ကို ထပ်မံဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိသည်။

ထိန်သစ်ရပ်ကွက် ၁ လမ်းသွယ်ရှိ တည်းခိုခန်းတွင် တည်းခိုနေသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသားတည်းခိုနေ သည့် အခန်းကို မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

အခန်းအတွင်းတွင် လောင်းလုံး မြို့နေ အဆိုပါ အမျိုးသားနှင့်အတူ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်နေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်း တွင်ဖော်ပြသည်။

ရဲတပ်ဖွဲ့က အခန်းအတွင်း ရှာဖွေရာ ရေချိုးခန်း အပေါက်၀အနီးတွင် ပလပ် စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စိတ်ကြွဆေး ၄၅၀ ပြားနှင့် ICE မူးယစ် ဆေးဟုယူဆရသည့် အဖြူရောင်ပုံဆောင် ခဲ ၁ ဂရမ်ကျော်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မူးယစ်ဆေးများနှင့် ပတ်သက်၍ အဆိုပါ အမျိုးသားကို စစ်ဆေးရာ မောင်းမကန်ရွာနေ အသက် ၂၇ နှစ် အရွယ် အမျိုးသားထံမှ ဝယ်ယူခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မောင်းမကန်ရွာနေ အဆိုပါ အမျိုးသားကို မူးယစ်ဆေးဖမ်းမိသည့် အမျိုးသား၏ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ၎င်းသည်လည်း အဆိုပါတည်းခိုခန်း၏ အခြားအခန်းတွင် ရောက်ရှိတည်းခိုနေသည်ဟုဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မောင်းမကန်ရွာနေ အမျိုးသား တည်းခိုနေသည့် အခန်းကို ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ သဘော့ဆိပ်ကျေး ရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသား ကိုပါ တွေ့ရကြောင်းရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ အခန်းအတွင်းရှိ စားပွဲ ပေါ်တွင် WY စိတ်ကြွဆေးမှုန့် အနည်းငယ်နှင့် ခဲပြားစ ၂ ခု တွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အမှုနှင့် ပတ်သက်၍ အမျိုးသား သုံးဦးနှင့် အမျိုးသမီးတစ်ဦးကို ထားဝယ် မြို့မရဲစခန်းတွင် သက်ဆိုင်ရာ မူးစိတ် ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch