စာသင်ကျောင်းရှိ ကရင်အမျိုးသား အလံတိုင် ဖျက်ဆီးခံရမှု ကန့်ကွက်မည်

0
608

တနင်္သာရီမြို့နယ်၊ သဲချောင်း ကျေးရွာတွင် ကရင်အမျိုးသားအလံတိုင် နှင့် အလံတိုင်အုတ်ခုံ ဖျက်ဆီးခံရမှုအပေါ် တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ထံ ကန့်ကွက်စာတင်မည်ဖြစ်ကြောင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ (KNU) တပ်မဟာ ၄ ဆက်ဆံရေးရုံး တာဝန်ခံက ဆိုသည်။

အထက်ပါကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်းတွင် မြန်မာနိုင်ငံအလံ ထက်နိမ့်ကာ ထောင်ထားသည့် ကရင် အမျိုးသား အလံတိုင်နှင့် အလံတိုင် အုတ်ခုံကို တပ်မတော်က ဇန်နဝါရီလ ၂ ရက် ညက လာရောက်ဖြိုလှဲခဲ့သည့်အပေါ် ကန့်ကွက်မည် ဖြစ်ကြောင်း ဆက်ဆံရေးတာဝန်ခံ ဖဒိုဝင်းခိုင်က ဆိုသည်။

“ကန့်ကွက်စာပို့တော့မယ်။ စာတော့ရိုက်ထားပြီးပြီ။ ဒီအပတ်ထဲမှာ ပို့မယ်”ဟု ဖဒိုဝင်းခိုင်က ဇန်နဝါရီလ ၇ ရက်တွင် ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် အတွက် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အင်အားသုံးဖြေရှင်းခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရမည်ဖြစ် သည့်အတွက် ကန့်ကွက်စာပို့ရန် စီစဉ် ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလုပ်ရပ်ကတော့ မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ လူထုပဲလေ။ သေနတ်လည်း တစ်လက်မှရှိတာမဟုတ် ဘဲ။ အဲဒါကြောင့်မို့ ကျွန်တော်တို့အမြင် ကတော့ ဒါကဒီလိုရှေ့ဆက်ဆိုရင် မဖြစ် သင့်ဘူးပေါ့နော်”ဟု ဖဒိုဝင်းခိုင်က ပြောသည်။

သဲချောင်းရွာနှင့် အနီးဝန်းကျင်ရှိ ကြိမ်ချောင်းရွာ စာသင်ကျောင်းတွင်လည်း ကရင်အမျိုးသားအလံထောင်ထား ပြီး လက်ရှိတွင် အလံတိုင်ကို ဒေသခံများ အစီအစဉ်ဖြင့် ပြန်ဖယ်ရှားထားကြောင်း မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ ၄ ဆက်ဆံရေးရုံးထံမှ သိရသည်။

Dawei Watch