လမ်းကျူး ဈေးဆိုင်များအား စတင်အရေးယူ

0
717

အများပြည်သူပိုင်လမ်းပေါ်သို့ ကျူးကျော်ပြီး အမိုးအဖီဆွဲသူများနှင့် ရေမြောင်းအဖုံးပေါ်တို့တွင် ဈေးဆိုင်များ ခင်းကျင်း ရောင်းချနေသူများအား စည်ပင် ဥပဒေဖြင့် ဇန်နဝါရီလလ ၆ ရက်က စတင်အရေးယူခဲ့ကြောင်း တနင်္သာရီ မြို့နယ် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

ယင်းကဲ့သို့ အရေးယူမည့်အကြောင်း နှင့် ဇန်နဝါရီလ ၅ ရက် နောက်ဆုံး ထားပြီး မိမိတို့ပိုင် နယ်နိမိတ်အတွင်းတွင် ရောင်းချသွားကြရန် စာဖြင့် အသိပေးအကြောင်းကြားထားပြီးဖြစ်ကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းဝေက ပြောပြသည်။

“ပထမအကြိမ်အနေနဲ့ ဒဏ်ငွေ သုံးသောင်းနဲ့ အရေးယူခဲ့တယ်” ဟု ဦးမင်းဝေက ပြောသည်။

လက်ရှိတွင် တနင်္သာရီမြို့မရဲစခန်း အရှေ့လမ်းရှိ နေအိမ်နှင့် ဆိုင်ခန်း စုစုပေါင်း ၁၇ ဆိုင်အား အရေးယူခဲ့ပြီး ကျန်လမ်းများကိုလည်း စာဖြင့်အသိပေး အကြောင်းကြားထားပြီးဖြစ်ပြီး သတ်မှတ် ရက်အတွင်း မပြောင်းရွှေ့ပါက အရေးယူ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လမ်းပေါ်ကျူးကျော်နေသည့် နေ အိမ်များနှင့် ဈေးဆိုင်များအား ပထမ အကြိမ်တွင် ဒဏ်ငွေကျပ်သုံးသောင်းမှ ငါးသောင်းကျပ်အကြား၊ ဒုတိယအကြိမ် တွင် ကျပ်တစ်သိန်း စသဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင် ကော်မတီမှ သိရသည်။

မြင့်မိုရ်(မြိတ်)