လွှတ်တော် အမတ်များ လူထုနှင့် တကယ် ထိစပ်ရဲ့လား

0
1061

မြိတ်ဒေသခံ အပူသည် ၁၀၀ ကျော်တို့ စုဝေးကာ သူတို့၏ ကိုယ်စားလှယ်များကို ဝေဖန်လိုက်ကြသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေက လူထုအသံကို ကွင်းဆင်း နားထောင် မပေးကြဘူး”
ဇူလိုင်လ ၃ ရက်တွင် မြိတ် တောရ အောက်ကျောင်းဓမ္မရုံတွင် လူထုသတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ဝေဖန်လိုက် ကြခြင်းဖြစ်သည်။

မြိတ်ဒေသခံတို့ နေထိုင်လုပ်ကိုင် ဆောင်ရွက်နေသည့် ကဏ္ဍပေါင်းစုံတွင် နှစ်ပေါင်းများစွာမှ ယနေ့တိုင်ကြုံတွေ့ နေသည့် အခက်အခဲပြဿနာများကို တာဝန်ရှိသူများ သိရှိရန်နှင့် အမြန်ဆုံး ဆောင်ရွက်ပေးရန် သတင်းစာရှင်းလင်း ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့နယ်၊ ပုလောမြို့နယ်နှင့် ကျွန်းစုမြို့နယ်တို့မှဒေသခံများ တက်ရောက်ခဲ့ကြသည့် ယင်းသတင်းစာ ရှင်းလင်းပွဲတွင် နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသည့်မြေယာပြဿနာ၊ အဂတိနှင့် တရားစီရင်ရေး၊ နိုင်ငံသားနှင့်အခွင့်အရေး၊ သစ်တောနှင့်ကုန်စိမ်းဈေး စသည့်ပြဿနာများကို ရှင်းလင်းပြောဆိုခဲ့ကြသည်။

ထိုပြဿနာရပ်များကို အစိုးရသိရှိရန် လုပ်ဆောင်ရမည်က လွှတ်တော် ကိုယ်စားလှယ်တို့၏ တာဝန်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် မြိတ်မြို့နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောဆိုသည်။

“ပြဿနာတွေကို အစိုးရသိအောင် လုပ်ရမှာက လွှတ်တော်ကိုယ်စားလှယ် တွေမှာအဓိက တာဝန်ရှိတယ်။ ပြေလည် အောင် ဆောင်ရွက်ပေးဖို့လည်း အစိုးရမှာ တာဝန်ရှိတယ်”ဟု ဦးမျိုးဆွေက ပြောသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ် များက သူတို့၏ အသံများကို ရပ်ရွာသို့ ကွင်းဆင်းကာ လာရောက်နားထောင်ခြင်း မရှိဟု ပွဲတက်သူတို့က ပြောဆိုကြသည်။

“ကျွန်တော်တို့ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အခုချိန် ထိ ပြည်သူလူထုရဲ့ရှေ့မှောက်မှာ ပြည်သူ လူထုရဲ့ခံစားချက်တွေကို လာရောက်မေး မြန်းတွေ့ဆုံခြင်းမရှိသေးတာ အားလုံး အသိပဲဖြစ်ပါတယ်”ဟု မြိတ်မြို့၊ ရှမ်းချောင်း ကုန်စိမ်းဈေးမှ ဦးထွန်းထွန်းဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၂၁ နေရာအတွက် ရွေးကောက်ခံ ကိုယ်စားလှယ်များရှိသည်။ ရွေးကောက်ခံ နေရာအားလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှာ အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ခံထားရသည်။ အခြားရှစ်ဦးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှာ ကျန်းမာရေးကြောင့် ဆေးခွင့်တင်ထားသည်။ ထိုကြောင့် ကျန်ရှိသော လွှတ်တော် ကိုယ်စားလှယ်များမှာ အရပ်ရပ်သော လွှတ်တော်တာဝန် ထမ်းဆောင်နေသည်ဟု ဆိုနိုင်သည်။
သို့သော် လူထုအမြင်တွင်တော့ သိပ်မပေါ်လာတော့ ယူဆနေသည်။

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးကမူ လွှတ်တော် နားရက်တိုင်း ကွင်းဆင်းမှု၊ လူထုတွေ့ဆုံမှုများ တောက်လျှောက်လုပ်ဆောင်နေ ကြောင်း ပြောသည်။
သို့သော် တနင်္သာရီတိုင်းနှင့် နေပြည်တော် ဝေးကွာမှုအနေအထားအရ စနေ၊ တနင်္ဂနွေတွင် နယ်ပြန်မဆင်းနိုင်သည့် အခင်းအကျင်းတို့ ရှိကြောင်း ဦးစိုးပိုင်ဌေးက ပြောသည်။

“တွေ့ဆုံပွဲလုပ်တဲ့အခါတိုင်း အားနည်း ချက်တွေရှိတယ်ဆိုတာ နားလည်ပေးဖို့ ပြည်သူနဲ့တွေ့ဆုံပွဲတွေမှာ ပြောဖြစ်ပါ တယ်။ ထည့်ပြောဖြစ်မှပဲ ဒီကိစ္စကို သိမှာ ကိုး။ အပြန်အလှန်နားလည်နိုင်အောင်ပါ” ဟု ၎င်းက ပြောသည်။

မြိတ်မြို့နယ်၊ ရေမြစ်ကြီးရွာနေ ကိုမြင့်စိုးကမူ သူတို့ရွာသို့ လွှတ်တော် ကိုယ်စားလှယ်များ မဲဆွယ်ပွဲပြီးကတည်း က တစ်ကြိမ်သာလာဖူးပြီး ထိုသို့လာစဉ်ကလည်း ပါတီဝင် ၁၀ ဦးခန့်ကိုသာ တွေ့ဆုံကာ ပြန်သွားကြောင်း ပြောသည်။

“လက်တွေ့မှာတော့ မြင်ရတွေ့ရ သမျှက အပြောနဲ့အလုပ် တလွဲကြီးဖြစ်နေတယ်။ လုံးဝကို အားမရဘူး။ ရွာကိုလမ်း ကြည့်ဖို့တစ်ခါလာတယ်။ ပြည်သူတွေ အဓိက လိုအပ်နေတာကို တင်ပြလို့မရဘူး။ သူတို့ဟာသူတို့ ပြောချင်ရာပြောပြီး ပြန်သွားတယ်” ဟု ကိုမြင့်စိုးက ပြောသည်။

တနင်္သာရီအပတ်စဉ်မှ ဆက်သွယ်မေးမြန်းသော တနင်္သာရီတိုင်းအတွင်း မြို့နယ်အသီးသီးမှ နိုင်ငံရေးနိုးကြားမှု အလယ်အလတ်အဆင့်ရှိ အရပ်သား အများစုကလည်း လွှတ်တော်ကိုယ်စားလှယ်တို့ ရပ်ကွက်/ကျေးရွာအတွင်း ကွင်းဆင်းမှု အားနည်းလှကြောင်း ပြောဆိုကြသည်။

လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာ ဒေါ်သန်းသန်းဆင့်ကလည်း သူတို့ရွာသို့ လွှတ်တော်ကိုယ်စား လာသည်ဟု မကြားမိကြောင်း ပြောသည်။

“အစိုးရမဖြစ်ခင်ကတော့ ရွာသူရွာ သားတွေနဲ့ သူတို့ထိတွေ့မှု ရှိတယ်လေ။ ကျွန်တော်တို့က အစိုးရနဲ့ ပြည်သူကြားမှာ ကိုယ်စားလှယ်ပါ။ ခိုင်းတာလုပ်ပေးမယ်လို့ ပြောတယ်။ အခု မဲတွေဘာတွေနိုင်တဲ့ အချိန်မှာတော့ အလုပ်ပဲ အရမ်းများနေ လားတော့မသိဘူး။ ပြည်သူနဲ့မတွေ့ တော့ဘူး။ အဲတော့ ကျွန်မတို့ကတင်ပြစရာ ရှိရင်တောင် သူတို့နဲ့မတွေ့တော့ ဘယ်လို တင်ပြရတော့မလဲ” ဟု ဒေါ်သန်းသန်းဆင့် က ပြောသည်။

လောင်းလုံးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုးကမူ လူထုနှင့် ၄ နှစ်အတွင်း အကြိမ် ၂၀၀ ခန့် တွေ့ပြီးကြောင်း ပြောသည်။

“ထိတွေ့မှုနည်းတယ်ဆိုတာကို မှတ်ချက်တော့ မပေးချင်ဘူး။ ဘာဖြစ်လို့ ထိတွေ့မှုနည်းတယ်ဆိုတာက ထိတွေ့တဲ့ အချိန်မှာ သူမလာတာလည်း ထိတွေ့မှု နည်းတာ ဖြစ်မှာပေါ့။ မှတ်ချက်တော့ သီးသန့်ပေးစရာအကြောင်းမရှိဘူး၊ ဘာဖြစ် လို့လဲဆို လောင်းလုံးမြို့နယ်နဲ့ လောင်းလုံး ကိုယ်စားလှယ်တွေနဲ့ လောင်းလုံး မြို့နယ်ရဲ့ ပြည်သူတွေနဲ့ဆိုရင် ဒီစကား ပြောစရာအကြောင်းမရှိဘူး။ ပြောလာတဲ့ လူသည်လည်း အဓိကကတော့ ကိုယ့်ကို မကြိုက်တဲ့သူဖြစ်မှာပေါ့။ ကိုယ့်ကို မဲ မပေးတဲ့လူဖြစ်မှာ၊ အဓိကကတော့ အဲလိုပဲ ယူဆတယ်” ဟု ဦးသက်နိုင်စိုးက ပြောသည်။

သို့သော် လောင်းလုံးမြို့နယ် ပြင်ကြီးရွာမှ ရပ်ရွာဦးဆောင်သူတစ်ဦးကလည်း သူတို့ရွာသို့ ကိုယ်စားလှယ်တို့ တစ်ကြိမ် ရောက်လာပြီးကတည်းက ပေါ်မလာတော့သည်မှာ နှစ်ချီကြာနေပြီဟု ပြောလာပြန်သည်။

“လူထုတွေ့ဆုံပွဲ မပြောနဲ့။ ရွာထဲတောင် ဖြတ်သွားဖြတ်လာ မလုပ်တော့ဘူး” ဟု ၎င်းက ပြောသည်။

ကော့သောင်းမြို့နယ် ရွှေပြည်သာ ရပ်ကွက်သားတစ်ဦးကလည်း ကော့သောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း ကျန်းမာရေးကောင်းစဉ်က သူတို့ရပ်ကွက်သို့ လာရောက်တွေ့ဆုံလေ့ရှိရာ လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေး နိုင်ခဲ့ကြောင်းပြောသည်။

ယခုအချိန် ဒေါက်တာခင်မောင်ဝင်း ကျန်းမာရေးမကောင်းတော့သည့်နောက် ပိုင်း မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ ရပ်ကွက်အတွင်း မလာတော့သဖြင့် မည်သူ့ကို တိုင်ပင်ရမှန်းမသိတော့ဟု အထက်ပါအမျိုးသားက ပြောသည်။

ဘုတ်ပြင်းမြို့နယ် အုန်တောကမ်း ကျေးရွာသားတစ်ဦးကမူ လွှတ်တော် ကိုယ်စားလှယ်များကို တင်ပြမှုကြောင့် ရပ်ရွာအတွင်း လမ်းတံတား၊ အဆောက် အအုံ စသည့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အချို့ ရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ရွာသားများ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ရရှိမှုကဲ့သို့သော တောင်းဆိုမှုမျိုးကိုမူ လုပ်ဆောင်ပေးနိုင် ခြင်းမရှိဟု အထက်ပါရွာသားက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တို့ကမူ အချိန်မအားလပ်ခြင်း၊ လွှတ်တော်ကော်မတီတာဝန်များ ထမ်းဆောင်နေရ ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မရောက်လာနိုင်ပါက လွှတ်တော်ကိုယ်စားလှယ်ရုံးများတွင် စာပေးပို့ခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း ပြောကြသည်။

ယင်းသို့ ဆက်သွယ်အကြောင်းကြားလာခြင်းနှင့် လူထုတွေ့ဆုံပွဲ ရလဒ်များကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း ဖြေရှင်းခြင်း၊ သက်ဆိုင်ရာကော်မတီတို့ကို တင်ပြခြင်း၊ လိုအပ်လျှင် မေးခွန်း၊ အဆို မေးမြန်းခြင်းဖြင့် ဖြေရှင်းဆောင် ရွက်နေကြောင်း ကိုယ်စားလှယ်တို့က ပြောကြသည်။

အချို့ရပ်ကွက် ကျေးရွာများကိုမူ လွှတ်တော်ကိုယ်စားလှယ်တို့ ကွင်းဆင်းကြသော်လည်း တင်ပြသည်များက ထိရောက်သောရလဒ် ထွက်မလာဟု ဆို ကြသည်။

မြိတ်မြို့နယ်၊ ရွာသစ်ကျေးရွာနေ ကိုမျိုးသူနိုင်ကမူ မိမိတို့အခက်အခဲကို လွန်ခဲ့သည့် ၂ နှစ်ခန့် ကိုယ်စားလှယ်များထံ တောက်လျှောက် စာပို့ခဲ့သော်လည်း တစ်စုံတစ်ရာ လာရောက်တွေ့ဆုံမေးမြန်းခြင်း၊ အကြောင်းပြန်ခြင်းမရှိသဖြင့် အယုံအကြည် ကင်းမဲ့လာကြောင်း ပြောသည်။

“ယနေ့အချိန်အထိ လာပြီးတော့ တွေ့ဆုံခြင်း မေးမြန်းခြင်း မြေပြင်ကွင်း ဆင်းကြည့်ရှုခြင်း တစ်ခါမှမရှိဖူးဘူး။ ကြာလာလေ ကျွန်တော်တို့ ယုံကြည်မှုတွေက ပျက်ပြယ်လာပြီ”ဟု ကိုမျိုးသူနိုင်က ပြောသည်။

ထားဝယ်မြို့တလိုင်းမရပ်နေ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ ကိုယ်စားလှယ်အချို့ လူထုနှင့် မတွေ့ဆုံခြင်းမှာ ကိုယ်စားလှယ်တို့ စွမ်းဆောင်ရည် ညံ့ဖြင်းမှုကြောင့် လူထုနှင့် တွေ့ဆုံရမည်ကို ကြောက်နေကြခြင်း ဖြစ်ကြောင်း သုံးသပ်သည်။

“အခုသက်တမ်းတစ်လျှောက်မှာ ရွာထဲမှာတွေ့တာတော့ မကြားရဘူး။ သူတို့က ခေါင်းရှောင်နေပြီးတော့ ပြည်သူ နဲ့ တွေ့ရမှာကို လန့်နေတယ်ထင်တယ်။ လန့်နေတာက သူတို့က စွမ်းဆောင်ရည် မရှိတဲ့ဒဏ်တွေ၊ ပြည်သူက အခက်အခဲ တင်ပြရင် သူတို့က မလုပ်ပေးနိုင်တဲ့ အပိုင်းတွေရှိနေနိုင်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုပြဿနာရပ်များကို အစိုးရသိရှိရန် လုပ်ဆောင်ရမည်က လွှတ်တော် ကိုယ်စားလှယ်တို့၏ တာဝန်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် မြိတ်မြို့နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောဆိုသည်။

“ပြဿနာတွေကို အစိုးရသိအောင် လုပ်ရမှာက လွှတ်တော်ကိုယ်စားလှယ် တွေမှာအဓိက တာဝန်ရှိတယ်။ ပြေလည် အောင် ဆောင်ရွက်ပေးဖို့လည်း အစိုးရမှာ တာဝန်ရှိတယ်”ဟု ဦးမျိုးဆွေက ပြောသည်။

သို့သော် လွှတ်တော်ကိုယ်စားလှယ် များက သူတို့၏ အသံများကို ရပ်ရွာသို့ ကွင်းဆင်းကာ လာရောက်နားထောင်ခြင်း မရှိဟု ပွဲတက်သူတို့က ပြောဆိုကြသည်။

“ကျွန်တော်တို့ တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အခုချိန် ထိ ပြည်သူလူထုရဲ့ရှေ့မှောက်မှာ ပြည်သူ လူထုရဲ့ခံစားချက်တွေကို လာရောက်မေး မြန်းတွေ့ဆုံခြင်းမရှိသေးတာ အားလုံး အသိပဲဖြစ်ပါတယ်”ဟု မြိတ်မြို့၊ ရှမ်းချောင်း ကုန်စိမ်းဈေးမှ ဦးထွန်းထွန်းဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၂၁ နေရာအတွက် ရွေးကောက်ခံ ကိုယ်စားလှယ်များရှိသည်။ ရွေးကောက်ခံ နေရာအားလုံးမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)မှ ဖြစ်သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှာ အဂတိလိုက်စားမှုဖြင့် တရားစွဲဆို ခံထားရသည်။ အခြားရှစ်ဦးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည်။ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တစ်ဦးမှာ ကျန်းမာရေးကြောင့် ဆေးခွင့်တင်ထားသည်။ ထိုကြောင့် ကျန်ရှိသော လွှတ်တော် ကိုယ်စားလှယ်များမှာ အရပ်ရပ်သော လွှတ်တော်တာဝန် ထမ်းဆောင်နေသည်ဟု ဆိုနိုင်သည်။
သို့သော် လူထုအမြင်တွင်တော့ သိပ်မပေါ်လာတော့ ယူဆနေသည်။

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးကမူ လွှတ်တော် နားရက်တိုင်း ကွင်းဆင်းမှု၊ လူထုတွေ့ဆုံမှုများ တောက်လျှောက်လုပ်ဆောင်နေ ကြောင်း ပြောသည်။
သို့သော် တနင်္သာရီတိုင်းနှင့် နေပြည်တော် ဝေးကွာမှုအနေအထားအရ စနေ၊ တနင်္ဂနွေတွင် နယ်ပြန်မဆင်းနိုင်သည့် အခင်းအကျင်းတို့ ရှိကြောင်း ဦးစိုးပိုင်ဌေးက ပြောသည်။

“တွေ့ဆုံပွဲလုပ်တဲ့အခါတိုင်း အားနည်း ချက်တွေရှိတယ်ဆိုတာ နားလည်ပေးဖို့ ပြည်သူနဲ့တွေ့ဆုံပွဲတွေမှာ ပြောဖြစ်ပါ တယ်။ ထည့်ပြောဖြစ်မှပဲ ဒီကိစ္စကို သိမှာ ကိုး။ အပြန်အလှန်နားလည်နိုင်အောင်ပါ” ဟု ၎င်းက ပြောသည်။

မြိတ်မြို့နယ်၊ ရေမြစ်ကြီးရွာနေ ကိုမြင့်စိုးကမူ သူတို့ရွာသို့ လွှတ်တော် ကိုယ်စားလှယ်များ မဲဆွယ်ပွဲပြီးကတည်း က တစ်ကြိမ်သာလာဖူးပြီး ထိုသို့လာစဉ်ကလည်း ပါတီဝင် ၁၀ ဦးခန့်ကိုသာ တွေ့ဆုံကာ ပြန်သွားကြောင်း ပြောသည်။

“လက်တွေ့မှာတော့ မြင်ရတွေ့ရ သမျှက အပြောနဲ့အလုပ် တလွဲကြီးဖြစ်နေတယ်။ လုံးဝကို အားမရဘူး။ ရွာကိုလမ်း ကြည့်ဖို့တစ်ခါလာတယ်။ ပြည်သူတွေ အဓိက လိုအပ်နေတာကို တင်ပြလို့မရဘူး။ သူတို့ဟာသူတို့ ပြောချင်ရာပြောပြီး ပြန်သွားတယ်” ဟု ကိုမြင့်စိုးက ပြောသည်။

တနင်္သာရီအပတ်စဉ်မှ ဆက်သွယ်မေးမြန်းသော တနင်္သာရီတိုင်းအတွင်း မြို့နယ်အသီးသီးမှ နိုင်ငံရေးနိုးကြားမှု အလယ်အလတ်အဆင့်ရှိ အရပ်သား အများစုကလည်း လွှတ်တော်ကိုယ်စားလှယ်တို့ ရပ်ကွက်/ကျေးရွာအတွင်း ကွင်းဆင်းမှု အားနည်းလှကြောင်း ပြောဆိုကြသည်။

လောင်းလုံးမြို့နယ် အင်းဝန်းကျေးရွာ ဒေါ်သန်းသန်းဆင့်ကလည်း သူတို့ရွာသို့ လွှတ်တော်ကိုယ်စား လာသည်ဟု မကြားမိကြောင်း ပြောသည်။

ရွာသူရွာ သားတွေနဲ့ သူတို့ထိတွေ့မှု ရှိတယ်လေ။ ကျွန်တော်တို့က အစိုးရနဲ့ ပြည်သူကြားမှာ ကိုယ်စားလှယ်ပါ။ ခိုင်းတာလုပ်ပေးမယ်လို့ ပြောတယ်။ အခု မဲတွေဘာတွေနိုင်တဲ့ အချိန်မှာတော့ အလုပ်ပဲ အရမ်းများနေ လားတော့မသိဘူး။ ပြည်သူနဲ့မတွေ့ တော့ဘူး။ အဲတော့ ကျွန်မတို့ကတင်ပြစရာ ရှိရင်တောင် သူတို့နဲ့မတွေ့တော့ ဘယ်လို တင်ပြရတော့မလဲ” ဟု ဒေါ်သန်းသန်းဆင့် က ပြောသည်။

လောင်းလုံးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်စိုးကမူ လူထုနှင့် ၄ နှစ်အတွင်း အကြိမ် ၂၀၀ ခန့် တွေ့ပြီးကြောင်း ပြော သည်။

“ထိတွေ့မှုနည်းတယ်ဆိုတာကို မှတ်ချက်တော့ မပေးချင်ဘူး။ ဘာဖြစ်လို့ ထိတွေ့မှုနည်းတယ်ဆိုတာက ထိတွေ့တဲ့ အချိန်မှာ သူမလာတာလည်း ထိတွေ့မှု နည်းတာ ဖြစ်မှာပေါ့။ မှတ်ချက်တော့ သီးသန့်ပေးစရာအကြောင်းမရှိဘူး၊ ဘာဖြစ် လို့လဲဆို လောင်းလုံးမြို့နယ်နဲ့ လောင်းလုံး ကိုယ်စားလှယ်တွေနဲ့ လောင်းလုံး မြို့နယ်ရဲ့ ပြည်သူတွေနဲ့ဆိုရင် ဒီစကား ပြောစရာအကြောင်းမရှိဘူး။ ပြောလာတဲ့ လူသည်လည်း အဓိကကတော့ ကိုယ့်ကို မကြိုက်တဲ့သူဖြစ်မှာပေါ့။ ကိုယ့်ကို မဲ မပေးတဲ့လူဖြစ်မှာ၊ အဓိကကတော့ အဲလိုပဲ ယူဆတယ်” ဟု ဦးသက်နိုင်စိုးက ပြောသည်။

သို့သော် လောင်းလုံးမြို့နယ် ပြင်ကြီးရွာမှ ရပ်ရွာဦးဆောင်သူတစ်ဦးကလည်း သူတို့ရွာသို့ ကိုယ်စားလှယ်တို့ တစ်ကြိမ် ရောက်လာပြီးကတည်းက ပေါ်မလာတော့သည်မှာ နှစ်ချီကြာနေပြီဟု ပြောလာပြန်သည်။

“လူထုတွေ့ဆုံပွဲ မပြောနဲ့။ ရွာထဲတောင် ဖြတ်သွားဖြတ်လာ မလုပ်တော့ဘူး” ဟု ၎င်းက ပြောသည်။

ကော့သောင်းမြို့နယ် ရွှေပြည်သာ ရပ်ကွက်သားတစ်ဦးကလည်း ကော့သောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်ဝင်း ကျန်းမာရေးကောင်းစဉ်က သူတို့ရပ်ကွက်သို့ လာရောက်တွေ့ဆုံလေ့ရှိရာ လိုအပ်ချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေး နိုင်ခဲ့ကြောင်းပြောသည်။

ယခုအချိန် ဒေါက်တာခင်မောင်ဝင်း ကျန်းမာရေးမကောင်းတော့သည့်နောက် ပိုင်း မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ ရပ်ကွက်အတွင်း မလာတော့သဖြင့် မည်သူ့ကို တိုင်ပင်ရမှန်းမသိတော့ဟု အထက်ပါအမျိုးသားက ပြောသည်။

ဘုတ်ပြင်းမြို့နယ် အုန်တောကမ်း ကျေးရွာသားတစ်ဦးကမူ လွှတ်တော် ကိုယ်စားလှယ်များကို တင်ပြမှုကြောင့် ရပ်ရွာအတွင်း လမ်းတံတား၊ အဆောက် အအုံ စသည့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အချို့ ရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ရွာသားများ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်ရရှိမှုကဲ့သို့သော တောင်းဆိုမှုမျိုးကိုမူ လုပ်ဆောင်ပေးနိုင် ခြင်းမရှိဟု အထက်ပါရွာသားက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်တို့ကမူ အချိန်မအားလပ်ခြင်း၊ လွှတ်တော်ကော်မတီတာဝန်များ ထမ်းဆောင်နေရ ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မရောက်လာနိုင်ပါက လွှတ်တော်ကိုယ်စားလှယ်ရုံးများတွင် စာပေးပို့ခြင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း ပြောကြသည်။

ယင်းသို့ ဆက်သွယ်အကြောင်းကြားလာခြင်းနှင့် လူထုတွေ့ဆုံပွဲ ရလဒ်များကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်း ဖြေရှင်းခြင်း၊ သက်ဆိုင်ရာကော်မတီတို့ကို တင်ပြခြင်း၊ လိုအပ်လျှင် မေးခွန်း၊ အဆို မေးမြန်းခြင်းဖြင့် ဖြေရှင်းဆောင် ရွက်နေကြောင်း ကိုယ်စားလှယ်တို့က ပြောကြသည်။

အချို့ရပ်ကွက် ကျေးရွာများကိုမူ လွှတ်တော်ကိုယ်စားလှယ်တို့ ကွင်းဆင်းကြသော်လည်း တင်ပြသည်များက ထိရောက်သောရလဒ် ထွက်မလာဟုဆို ကြသည်။

Dawei Watch