ဆိုင်ကယ်ဖြင့် စိတ်ကြွဆေး သယ်လာသည့် အမျိုးသမီးတစ်ဦးကို ဖမ်းမိ

0
641

ကော့သောင်းမြို့နယ်တွင် ဆိုင်ကယ် ဖြင့် စိတ်ကြွဆေးသယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၂၉ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲတပ်ဖွဲ့က ပုလုံးတုံတုံးကျေးရွာအဝင်လမ်းတွင် မူးယစ်ဆေးသတင်းအရ စောင့်ဆိုင်းနေစဉ် ကော့သောင်းမြို့ဘက်မှ ပုလုံးတုံတုံး ကျေးရွာဘက်သို့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးမောင်း နှင်လာသည့် နံပါတ်မပါသည့် ဆိုင်ကယ် တစ်စီးကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့စစ်ဆေးရာ ဆိုင်ကယ်အရှေ့တွင် တင်ထားသည့် ပလပ်စတစ်အိတ် အတွင်းမှ WY စိတ်ကြွဆေး ၁၉၀ ပြား ကို ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွ ဆေးပြားသယ်ဆောင်လာသည့် အမျိုးသမီး ကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် ထားသည်။

Dawei Watch