အရက်အတူသောက်ပြီး အရက်ပုလင်းရိုက်ခွဲရာမှ ဓားထိုးမှုဖြစ်

0
506

ဘုတ်ပြင်းမြို့နယ်တွင် အရက်အတူ သောက်ပြီး အရက်ပုလင်းခွံရိုက်ခွဲသည့် ကိစ္စဖြင့် စကားများရာမှ ဓားထိုးမှုဖြစ်ပွား ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကြိမ်နီတောင်ကျေးရွာတွင် ဒီဇင်ဘာ လ ၃၁ ရက်ညနေက အရက်အတူသောက် နေသည့် အသက် ၃၀ အရွယ် အမျိုးသား က အရက်ပုလင်းခွံကို ရိုက်ခွဲသည့် ကိစ္စဖြင့် စကားများရာမှ အသက် ၃၄ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဓားဖြင့် လည်ပင်းကို ထိုးရာတွင် လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့် ထိုးသည့် အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ- ၃၂၆ ဖြင့် ဘုတ်ပြင်းမြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

Dawei Watch