မွန်လူငယ်များ မွန်ပြည်သစ်ပါတီဝင်ရန် တိုက်တွန်း

0
420

မွန်လူငယ်တိုင်း မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော်ထံ ဝင်ရောက် အားဖြည့်ကြရန် မွန်လူငယ်များနေ့တွင် ကြေညာချက်ထုတ် တိုက်တွန်းလိုက်သည်။

မကြာခင်က ဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပဋိပက္ခသည် မွန်ပြည်သစ်ပါတီတွင် အင်အားနည်းနေ သည့်အနေအထားကြောင့် အနိုင်ကျင့် သည့်သဘောဟု မွန်လူငယ်များ မြင်မိ ကြောင်း ဒီဇင်ဘာ ၂၈ ရက်က ကျရောက်သည့် ၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ် ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထိုကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့အင်အားမရှိလျှင် ထိုကဲ့သို့ပင် အနိုင်ကျင့်ခံရမည်ဖြစ်ကြောင်း အမျိုးသား ကာကွယ်ရေးနှင့် ပတ်သက်ပြီး လူငယ် တို့၏ တာဝန်ကျရောက်နေပြီဟု မှတ်ယူ သည့်အတွက် ယခုကဲ့သို့ တိုက်တွန်းနှိုး ဆော်ခြင်းဖြစ်သည်ဟု မွန်လူငယ်များနေ့ ဦးဆောင်ကျင်းပရေးကော်မတီ အဖွဲ့ဝင် မင်းဥာဏ်စိုက်ရာမာန်က ပြောသည်။

“မွန်ပြည်သစ်ပါတီကနေ မဖြစ်မနေ ပဲပြောပြော ကျွန်တော်တို့ဆန္ဒပဲ ပြောပြော၊ အသက် ၁၈ နှစ်ပြည့်လာရင် အမျိုးသားရေး တာဝန်ထမ်းဆောင်ဖို့ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ကို ဝင်ရောက်အင်းအားဖြည့်ဖို့အတွက် တိုက်တွန်းပါတယ်”ဟု မင်းဥာဏ်စိုက်ရာမာန်က ပြောသည်။

မွန်ပြည်သစ်ပါတီကလည်း မွန် လူငယ်များ လက်နက်ကိုင်နိုင်ငံရေးပါတီထဲဖြစ်စေ၊ တရားဝင်နိုင်ငံရေး ပါတီ ထဲဖြစ်စေ ဝင်ရောက် တာဝန်ထမ်းဆောင် ကြရန် ဒီဇင်ဘာ ၂၈ ရက်က ကျရောက် သည့် ၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အထိမ်းအမှတ်အနေဖြင့် စာထုတ်ပြီး မွန်လူငယ်များကို တိုက်တွန်းနှိုးဆော် ထားသည်။

“လူငယ်တွေ အင်အားစည်းစည်း လုံးလုံးနဲ့ မွန်နိုင်ငံရေးထဲ လှုပ်ရှားကြပါ။ မွန်လူမျိုးရဲ့ လှုပ်ရှားမှုတွေမှာလည်း အဓိက အနေနဲ့ လူငယ်တွေ လှုပ်ရှားမှုက အများဆုံးပဲ ဖြစ်နေတယ်”ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

၈ ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနာကို မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ခရုံဂူကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားသို့ မွန်သံဃာတော် များ၊ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ် များ၊ မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းနှင့် မွန်ပြည် နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူ့တိုင်းနှင့် ရန်ကုန်တိုင်းမှ မွန်လူငယ် ၂ သောင်းကျော် တက်ရောက်ခဲ့ကြသည်။

Dawei Watch