အော်ဂဲနစ်စိုက်ပျိုးနည်း ကမြိုင်ရွာတွင် သင်တန်းပေးမည်

0
545

သဘာ၀မြေဩဇာသုံး အော်ဂဲနစ် စိုက်ပျိုးနည်းသင်တန်းတစ်ခုကို သရက် ချောင်းမြို့နယ် ကမြိုင်ရွာတွင် ပြုလုပ် သွားမည်ဟု ဦးဆောင်မျှဝေမည့် ဦးသန်းဆွေက ပြောသည်။

သင်တန်းပြုလုပ်မည့်ရက်မှာ ဇန်နဝါရီ ၇၊ ၈၊ ၉ ရက်များတွင်ဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်း ရွာအသီးသီးမှ သင်တန်းသား ၂၅ ဦးကို မျှဝေနိုင်ရန် စီစဉ်နေသည်။

ဓာတုဆေးသုံး စိုက်ပျိုးရေးလုပ်ငန်း ထွက် အသီးအနှံများကြောင့် ဒေသအတွင်း ကျန်းမာရေးဆိုးကျိုးများ ခံစားနေရသဖြင့် သဘာ၀မြေဩဇာသုံး အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းများ တွင်ကျယ်ပေါ များလာစေရန် ရည်ရွယ်ချက်ဖြင့် ယခု ကဲ့သို့ ပို့ချရခြင်း ဖြစ်ကြောင်း ဦးသန်းဆွေ က ပြောသည်။

“အခုက ဓာတုဆေးဝါးတွေနဲ့ပဲ စိုက်ပျိုးနေကြတယ်လေ။ ဒါကြောင့် ဒီသင်တန်း လုပ်ဖြစ်တာ။ စားသုံးသူတွေ အသက်ရှည်ရှည် နေရအောင်ပါ”ဟု ၎င်းက ပြောသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ကမြိုင်ရွာနေ ဦးသိန်းအောင် ထံတွင်လည်းကောင်း ဦးသန်းဆွေ (ဖုန်း -၀၉၂၅၀၂၇၁၆၅၁)ထံသို့လည်းကောင်း စာရင်းပေးနိုင်ကြောင်း သိရသည်။

Dawei Watch