မြိတ်မြို့မှ ကျပ်သိန်းတစ်သောင်းခွဲ ဆုကြီး ဆွတ်ခူး

0
879

ဇန်နဝါရီလ ၁ ရက်က ဖွင့်လှစ်ခဲ့ သည့် ၁၁ ကြိမ်မြောက်အောက်ဘာလေထီဆုများတွင် အမြင့်ဆုံးဆုဖြစ်သည့်ကျပ်သိန်းတစ်သောင်းခွဲဆုကြီးကို မြိတ် မြို့၊ ခရုတောရပ်ကွက်နေ ကိုဂျပန်(ခေါ်) ကိုသန်းထွေးက ဆွတ်ခူးခဲ့သည်။

မြိတ်မြို့ ဇေယျာသီရိ ၂ ရပ်ကွက် အောင်ဆန်းလမ်းမကြီးရှိ ရတနာသိန်း ထိုက်အောင်ထီဆိုင်မှ ထိုးထားသည့် ထီလက်မှတ် သုံးစောင်တွဲတွင် ကျပ်သိန်း တစ်သောင်းဆုကြီးကို င-၂၀၄၅၈၈ ဖြင့် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

“ပျော်တာပေါ့။ အခုချိန်ထိ စိတ်ထဲမှာ ကုလားဘုရားပွဲလှည့်နေသလိုပဲ”ဟု ကိုဂျပန်က ပြောသည်။

ကိုဂျပန်သည် မြိတ်တောင်ကျေးရွာ တိုးချဲ့ဈေးတွင် အထည်ဆိုင်ဖွင့်လှစ် ရောင်းချနေပြီး လစဉ် အောင်ဘာလေ ထီလက်မှတ် သုံးစောင်တွဲ လေးတွဲ ထိုးလေ့ရှိကာ ငါးသောင်းဆု နှစ်ဆုသာ ပေါက်ခဲ့ဖူးသည်။

မြင့်မိုရ်