ထားဝယ်တွင် တိရစ္ဆာန်ဆေးကုခန်း နှစ်ခု တိုးလာ

0
1669

ထားဝယ်တွင် တိရစ္ဆာန်ဆေးကုသူ များလာပြီး တိရစ္ဆာန်ဆေးကုခန်းနှစ်ခုထပ်တိုးလာသည်ဟု ထားဝယ်ရှမ္မ လည်ဆွဲရပ်ကွက်မှ တိရစ္ဆာန်ဆေးကု သည့် ဆရာဝန်တစ်ဦးက ပြောသည်။

၂၀၁၈ ခုနှစ်ခန့်မှ စတင်ကာ ယခင် နှစ်များကထက် တိရစ္ဆာန်များကို လာရောက်ဆေးကုသသူ အနည်းငယ် ပိုလာသည်ဟု အထက်ပါ ဆရာဝန်က ပြောသည်။

“ထားဝယ်မြို့မှာ တိရစ္ဆာန်ဆေး ကုခန်း ဆရာစဖွင့်တယ်။ စဖွင့်တော့ လူတွေကဘာဖြစ်လဲဆိုတော့ ဒီဆိုင်းဘုတ် ကြည့်ကြည့်ပြီးတော့ ရယ်ရယ်သွား ကြတယ်။ တိရစ္ဆာန်ဆိုတာဘယ်သူက ဆေးကုမှာ လဲပေါ့နော်”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးခြင်း၊ ရောဂါဖြစ်သည့်အခါ ဆေးကုသပေးခြင်းများပြုလုပ် လာကြပြီး ကုသရသည့် အိမ်မွေးတိရစ္ဆာန်များတွင် ခွေးနှင့်ကြောင်က အများဆုံးဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် နွား၊ ဝက်၊ ကြက်၊ ဘဲ၊ မြွေ၊ လိပ်၊ ငှက်စသည့် တိရစ္ဆာန်များကို လည်း ပြသကြသည်ဟု တိရစ္ဆာန်ဆရာဝန် အချို့က ဆိုသည်။

၂၀၁၉ ခုနှစ် ဧပြီလမှ တိရစ္ဆာန် ဆေးကုခန်းဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင် လာရောက်ဆေးကုသမှုခံယူ သည့် တိရစ္ဆာန်ကောင်ရေ ၅ ကောင်မှ ၁၀ ကြား အထိ ရှိနေသည်ဟု ထားဝယ်ဗျောတော၀ ရပ်ကွက် လွင် တိရစ္ဆာန်ဆေးကုခန်းမှ ဒေါက်တာလွင်ကိုကိုဆွေက ပြောသည်။

မိုးမြင့်