ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
938
Bay-Din

တနင်္ဂနွေ
လုပ်ငန်းများ စတင်ရန် ယခုအချိန်သည် အကောင်းဆုံး ဖြစ်သည်။ ပညာရေးကိစ္စများ ကောင်းမွန် သည်။ သင်ကံကောင်းနေသောကာလ ဖြစ်သည်။ ပစ္စည်းဥစ္စာများ စုဆောင်းမိမည်။ စက်ပစ္စည်းများ ဒုက္ခပေးတတ်သည်။ ကျန်းမာရေး မပေါ့ဆသင့်ပါ။ မေတ္တာရေးသည်ကား ချစ်သူနှင့်လက်ထပ် ရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အနီရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အစိမ်းရောင်၊ အနက်ရောင်
အကျိုးပေးသော ဂဏန်းများ – ၃၊ ၆၊ ၉၊ ၀ ပါသော ဂဏန်းများ
ယတြာ – မေမြို့ပန်းတစ်စည်း ဘုရားကပ်လှူပါ။

၆- ၁ -၂၀၂၀ မှ ၁၂ – ၁-၂၀၂၀ အထိ

တနင်္လာ
စီးပွားရေးလုပ်ငန်းများ ကောင်းမွန်မည်။ မင်္ဂလာသတင်းစကားများ ကြားရမည်။ လူမျိုးကွဲတို့ ကူညီမစကြမည်။ စိတ်ချမ်းသာစရာခရီးများ သွားရမည်။ ကျန်းမာရေး ဂရုပြုရမည်။ ပညာရေး ကတော့ မပေါ့ဆသင့်ပေ။ မေတ္တာရေးသည်ကား အထီးကျန်ဘ၀က ကျွတ်လွတ်တော့မည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ လိမ္မော်ရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ၆၊ ၉ ပါသော ဂဏန်းများ။
ယတြာ – သာကူမုန့် ဘုရားကပ်လှူပါ။

အင်္ဂါ
စပ်တူ ထီထိုးပါ။ ငွေကြေးများစွာ ဝင်မည်။ လုပ်ငန်းထဲ၌ စိတ်ပင်ပန်း ရတတ်သည်။ မိတ်ဆွေ ကောင်းများ ကူညီကြမည်။ ပညာရေး ဂရုစိုက်ရမည်။ အဆုတ်အအေးပတ်ခြင်း သတိထားပါ။ မေတ္တာရေးသည်ကား မင်္ဂလာလက်ထပ်ပွဲ ဆင်နွှဲရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးပေးသော ဂဏန်းများ – ၆၊ ၉၊ ၃၊ ၀ ပါသော ဂဏန်းများ
ယတြာ – သက်ကြီးရွယ်အိုတို့အား အာဟာရလှူဒါန်းပါ။

ဗုဒ္ဓဟူး
နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ဘုရားဖူးခရီးများသွားရမည်။ အင်တာဗျူးကိစ္စ၊ စာမေးပွဲကိစ္စများ အဆင်ပြေမည်။ ယခုလ၌ တယ်လီဖုန်း မဝယ်ပါနှင့်။ ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ကောက်ရတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အနက်ရောင်၊ အစိမ်းရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ၆၊ ၇ ပါသော ဂဏန်းများ
ယတြာ – ဂန္ဓာမာအဖြူ ၁၅ ပွင့် ဘုရားကပ်လှူပါ။

ကြာသပတေး
ဘုရားဖူးခရီးများ သွားရမည်။ ဆိုင်ဖွင့်ခြင်းလုပ်ငန်းများ ကောင်းသည်။ မြေ ဝင်မည်။ ပညာရေး ကိစ္စ၊ အင်တာဗျူးဖြေခြင်းများ အဆင်ပြေမည်။ မိတ်ဆွေများနှင့် စိတ်သဘောထားကွဲလွဲတတ် သည်။ မေတ္တာရေးသည်ကား ချစ်သူနှင့် စိတ်ဝမ်းကွဲရတတ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျား၊ အဖြူရောင်
အကျိူးပေးသော ဂဏန်းများ – ၁၊ ၄၊ ၀၊ ၉ ပါသော ဂဏန်းများ
ယတြာ – သရက်သီးမှည့်ကို အစိတ်စိတ်ပြု၍ ဘုရားဆွမ်းတော် ကပ်လှူပါ။

သောကြာ
အိမ် ပြုပြင်ခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းများ ကောင်းမွန်သည်။ ဆွေမျိုးသားချင်းများ ကူညီမစမှု ခံရမည်။ စိန်ထည်ပစ္စည်းများ ဝင်မည်။ ဝန်ထမ်းဖြစ်က ရာထူးတိုးမည်။ ကျန်းမာရေး အညံ့မရှိပါ။ မေတ္တာရေးသည်ကား မင်္ဂလာလက်ထပ်ပွဲဆင်နွှဲရမည့်အခါ ဖြစ်သည်။
အကျိုးပေးသော အရောင် – ခရမ်းရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – လိမ္မော်၊ အနီရောင်
အကျိုးပေးသော ဂဏန်းများ – ၃၊ ၆၊ ၅၊ ၉ ပါသော ဂဏန်းများ
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

စနေ
အမွေအနှစ်များ ရရှိတတ်သည်။ ငွေကြေးများစွာ ဝင်မည်။ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ လူချစ်လူခင် ပေါများမည်။ သွေးတိုးရောဂါများ သတိထားပါ။ သင်တန်းတက်ခြင်း၊ ပညာရေး ကိစ္စများ အဆင်ပြေမည်။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြေမည်။
အကျိုးပေးသော အရောင် – အနက်ရောင်၊ ခရမ်းရောင်
အကျိုးမပေးသော အရောင် – အဝါရောင်၊ ဇီးရောင်
အကျိုးပေးသော ဂဏန်းများ – ၁၊ ၄၊ ၇၊ ၆ ပါသော ဂဏန်းများ
ယတြာ – ပေါက်ဆီ ဘုရားဆွမ်းတော် ကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ