၂၀၁၉ ရက်စွဲသမိုင်း

0
750

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၌ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသည့် ဖြစ်ရပ်၊ ရပ်စွဉ် သမိုင်းများကို ဖော်ပြလိုက်ပါသည်။

  • ဇန်နဝါရီ ၄ – တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ပါဘက် (Pabuk) သည် ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မိုင် ၄၁၀ ခန့်အကွာတွင် ပင်လယ်ပြင်သို့ ဗဟိုပြုနေသောကြောင့် ငါးဖမ်းစက်လှေများ၊ ခရီးသွားရေယာဉ်များအားလုံး ပင်လယ်ပြင်သို့ မထွက်ခွာရန် တားမြစ်သည်။
  • ဖေဖော်ဝါရီ ၁၃ – ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသည်။
  • ဖေဖော်ဝါရီ ၁၅ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံနက်ပိုင်းတွင် ကော့သောင်းမြို့ လူထုနှင့်တွေ့ဆုံခဲ့သည်။
  • ကော့သောင်းခရိုင်အတွင်း ပုလဲမွေးမြူရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းရှင်တချို့ သိမ်းယူခဲ့သည့် ကျွန်းများပေါ် ပြန်လည်နေထိုင်ခွင့်ရရေး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ဆလုံတိုင်းရင်းသားတချို့က တင်ပြတောင်းဆိုသည်။
  • ဖေဖော်ဝါရီ ၂၄ – တနင်္သာရီတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ တနင်္သာတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့နှင့်ပတ်သက်၍ ပြည်ထောင်စုသို့ အစီရင်ခံစာ ပေးပို့ခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးအား ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်မပြုရန် ကော့သောင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က NLD ဗဟို ကော်မတီအစည်းအဝေးတွင် ဆွေးနွေးသည်။
  • မတ် ၂၄ – ကော့သောင်းခရိုင် မြန်မာ့ပင်လယ် မြောက်တော်ဝင်ကျွန်းအနောက်ဘက်တွင် စက်လှေ တစ်ဦးတွင် ကျပ် ၃၄ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့သည်။
  • ဧပြီ ၂၆ – ကော့သောင်းမြို့နယ်အတွင်းရှိ သံကျွန်းအနောက်ဘက် ရေမိုင် ၁၅၄ မိုင်အကွာတွင် ကျပ် ၃၀ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် စက်လှေတစ်စီးကို ဖမ်းမိခဲ့သည်။
  • ဇူလိုင် ၂၅ – မလိဝမ်းနှင့် အော်ကြီးတွင် ရှေးဟောင်းအမွေအနှစ်များ ဆက်တူးမည်ဟု အမျိုးသားနှင့် ယဉ်ကျေးမှုပြတိုက် တိုင်းဦးစီးမှူးက ပြောသည်။
  • ဩဂုတ် ၂ – ဗိုလ်ရာညွန့်ကျွန်းကမ်းခြေတွင် သဲစုပ်ရန် ခွင့်ပြုထားခြင်းမရှိဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးလှထွေးက ပြောသည်။
  • ဩဂုတ် ၁၆ – ကော့သောင်းလေဆိပ် အဆင့်မြှင့်နိုင်ရေး မြေသိမ်းလုပ်ငန်းများဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်သူရက ပြောသည်။
  • ဩဂုတ် ၂ – ကော့သောင်းဗျူးပွိုင့်နေရာတွင် ဟိုတယ်ဇုန်မဖော်ဆောင်တော့ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။
  • ဩဂုတ် ၂၀ – အလိုမတူဘဲ ပြည့်တန်ဆာလုပ်ခိုင်းသည့် အမျိုးသမီးနှစ်ဦး ဆိုင်မှထွက်ပြေးကာ ရဲစခန်းတွင် အမှုဖွင့်သည်။
  • ဩဂုတ် ၂၉ – ပိတောက်ရွှေဝါရပ်ကွက်တွင် နိုင်ငံတော်သီချင်း ပြန်ဖွင့်သည်။
  • စက်တင်ဘာ ၁ – ငါးဖမ်းရာသီအဖွင့်တွင် ရေခဲ အခက်တွေ့သည်။
  • စက်တင်ဘာ ၁၁ – ပြည်ကြီးမဏ္ဍိုင် ချောင်းမွန်ရွာသစ်ကို ရွာပြောင်းရွှေ့ရန် အမိန့်ထုတ်သည်။ ရွာသားများက မရွှေ့နိုင်ဟု တုံ့ပြန်သည်။
  • စက်တင်ဘာ ၁၂ – ကော့သောင်း ၄ မိုင်တွင် တည်ဆောက်မည့် အဝေးပြေးဝင်းစီမံကိန်းအတွက် သီတာကုမ္ပဏီအား လုပ်ငန်းစီမံချက် တင်ပြခိုင်းထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။
  • စက်တင်ဘာ ၂၀ – ဆိုလာနှင့် Biomass နည်းပညာဖြင့် လျှပ်စစ် ၂၀ မဂ္ဂါဝပ်ထုတ်နိုင်ရေး အကြို စူးစမ်းရန် Southern Coastline Group နှင့် တိုင်းအစိုးရ MoU ထိုးသည်။
  • အောက်တိုဘာ ၃ – ဝဲကြီးနှင့် ဝဲငယ်တွင် အမှိုက်ကို ပါချန်မြစ်ထဲမပစ်ရေး ဌာနနှင့်အရပ်ဘက်အဖွဲ့များ ပူးပေါင်းအသိပညာပေးသည်။
  • အောက်တိုဘာ ၁၄ – ကမ်းဝေးလှေများ VMS စနစ် စတပ်သည်။
  • အောက်တိုဘာ ၁၈ – ထိုင်းနှင့် မြန်မာ နယ်စပ်တွင် ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ နှစ်မျိုးစလုံး အသုံးပြုနိုင်ရေး ကြိုးပမ်းရန် ထိုင်းနှင့်မြန်မာ ဗဟိုဘဏ်ဥက္ကဋ္ဌနှစ်ဦး အမေရိကန်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးသည်။
  • အောက်တိုဘာ ၃၁ – ပြည်ကြီးမဏ္ဍိုင် ထောင်ငါးသိုင်းကျေးရွာအုပ်စုတွင် တောဆင်ရိုင်းတစ်ကောင် အသတ်ခံထားရသည်ကို တွေ့သည်။
  • နိုဝင်ဘာ ၁ – ဆိပ်ကမ်းသာလမ်းကို တစ်လမ်းမောင်း သတ်မှတ်သည်။
  • နိုဝင်ဘာ ၆ – ဘုတ်ပြင်းပင်လယ်ကမ်းရှိ တရားမဝင်ကမ်းထောင်ပိုက်များ ဖြုတ်ခိုင်းမည်ဟု ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
  • နိုဝင်ဘာ ၁၈ – ငါးဖမ်းလှေများအား မူးယစ်ဆေးလိုက်ရောင်းသည့်လှေတစ်စီး ဆင်ဖြူကျွန်း အရှေ့မြောက် ဘက် ၃ မိုင်အကွာတွင် မိသည်။
  • နိုဝင်ဘာ ၂၁ – ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီမှ လက်နက်ကိုင် ၇ ဦး အလင်းဝင်သည်။
  • နိုဝင်ဘာ ၂၅ – စိတ်ကျန်းမာရေးမကောင်းသူ ၅ ဦးကို ရွာသာကြီး ပို့သည်။
  • ဒီဇင်ဘာ ၁၀ – အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုသွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူထုထောက်ခံပွဲ ကျင်းပသည်။
  • ဒီဇင်ဘာ ၁၀ – အိမ်ရာမဲ့အချို့ကို လူငယ်တစ်စု စောင်လှူသည်။
  • ဒီဇင်ဘာ ၁၄ – လူငယ့်ရိပ်သာ ပြန်ဖွင့်သည်။
  • ဒီဇင်ဘာ ၁၅ – ဘင်္ဂလီ ၁၇၂ ဦးတင်လာသည့် လှေကို ပင်လယ်တွင် ဖမ်းမိသည်။