၂၀၁၉ ရက်စွဲသမိုင်း

0
901

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၌ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသည့် ဖြစ်ရပ်၊ ရပ်စွဉ် သမိုင်းများကို ဖော်ပြလိုက်ပါသည်။

  • ဇန်နဝါရီ ၃ – တနင်္သာရီတိုင်းအတွင်းရှိ ကမ်းနီးကင်းမွန်လှေငယ်များ မီးထွန်းဖမ်းဆီးခွင့်အတွက် ၁၅ ကီလိုဝပ် အသုံးပြုခွင့် ပေးသည်။
  • ဇန်နဝါရီ ၇ – မြိတ်ခရိုင်တွင် ဓာတုဆေးဝါး ဓာတ်မြေဩဇာမသုံးဘဲ စိုက်ပျိုးထားသည့် အော်ဂဲနစ် သီးနှံများကို ဝယ်ယူလိုကြောင်း ဂျပန်နိုင်ငံ အော်ဂဲနစ်နည်းပညာ ဖြန့်ဝေခြင်းနှင့် အော်ဂဲနစ်ထုတ်ကုန် ဝယ်ယူရောင်းချသူများအဖွဲ့က မြိတ်ခရိုင် စိုက်ပျိုးရေးအသင်းသို့ ကမ်းလှမ်းသည်။
  • ဇန်နဝါရီ ၈ – မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင် စက်မှုဇုန်အတွင်း ချမ်းမြေ့သာယာရပ်ကွက်ရှိ လမ်းမြေဟုသတ်မှတ်ထားသည့် မြေနေရာတွင် ဆောက်လုပ်ထားသည့် နေအိမ် ၁၄ လုံးကို ၇ ရက်အတွင်း ဖယ်ရှားပေးရန် စည်ပင်က ညွှန်ကြားသည်။
  • မြိတ်မြို့၏ ရှေးဟောင်းစေတီတစ်ဆူဖြစ်သည့် ပေါ်တော်မူစေတီတော်မြတ်ကြီး သမိုင်းစာအုပ် မိတ်ဆက်ပွဲကို တနင်္သာရီမြို့နယ်တွင် ပြုလုပ်ခဲ့သည်။
  • မြိတ်မြို့ရှိ ပုဂ္ဂလိက မီးလင်းရေးလုပ်ငန်း ၉ ဖွဲ့နှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ အများပိုင်မှ ဖြန့်ဖြူးမည့် လျှပ်စစ်မီးကိစ္စ ဆွေးနွေးခဲ့သည်။
  • ဇန်နဝါရီ ၁၁ – မြိတ်မြို့ အထက်ရေပုန်းရပ် ဇင်ယော်မင်း ရေခဲစက်လမ်းသွယ်တွင် WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့သည်။
  • ဇန်နဝါရီ ၁၄ – ကျွန်းစုမြို့ ကဘင်ကျေးရွာအုပ်စု၊ ပြင်သာကျေးရွာအနီးရှိ မြစ်ထဲတွင် ကလေးငယ် တစ်ဦးချထားသည့် ငါးဖမ်းပိုက်အတွင်း ကကူရံ ကျပ် ၁၇ သိန်းတန်ဖိုးရှိသည့် ကကူရံငါးကြီးတစ်ကောက် ဖမ်းမိခဲ့သည်။
  • ဇန်နဝါရီ ၁၈ – မြိတ်တောင်နယ်မြေတွင် WY စိတ်ကြွဆေးပြား တစ်သိန်းနီးပါး ဖမ်းမိခဲ့သည်။
  • ဇန်နဝါရီ ၂၂ – တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ချောင်းလမုနှင့် အေးသာယာကျေးရွာတို့တွင် ဒေသခံ ၂၀၀ ခန့်၏ ဥယျာဉ်ခြံမြေများအတွင်း ကျော်မော် ၁၉ ဆီအုန်းကုမ္ပဏီက ဝင်ရောက်လုပ်ကိုင် နေခြင်းကြောင်း ဥယျာဉ်ခြံမြေများနှင့် သီးပင်စားပင်များ ပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံတောင်သူ ၅၀ ဦးခန့်က ချောင်းလမုကျေးရွာတွင် မီဒီယာများနှင့် တွေ့ဆုံပြောကြားခဲ့သည်။
  • ဖေဖော်ဝါရီ ၁ – NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်စိုး၊ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့အား စုံစမ်းအရေးယူပေးပါရန် မြိတ်ဒေသခံ ၆၂ ဦးက ပါတီ ဗဟိုသို့ တိုက်ကြားသည်။
  • ဖေဖော်ဝါရီ ၃ – မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ စည်ပင်သာယာဈေးကြီးအား အဆင့်မြင့်ဈေးအဖြစ် ပြန်ဆောက်မည့်အစား နဂိုရှိရင်းစွဲအနေအထားကို မွမ်းမံသွားရ ဈေးသူဈေးသားအားလုံးက အဆိုပြုခဲ့သည်။
  • ဖေဖော်ဝါရီ ၁၂ – ကျွန်းစုမြို့နယ်အတွင်းရှိ သဲနှစ်တန်းကျွန်း(နှစ်ဖက်လှကျွန်း)အား ပုလဲစခန်း ခရီးသွားလုပ်ငန်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။
  • ဖေဖော်ဝါရီ ၁၃ – ဒေါ်အောင်ဆန်းစုကြည်၏ ၃ ရက်တာ တနင်္သာရီ တိုင်းခရီးစဉ်ကို စတင်ပြီး မြိတ်မြို့တွင် လူထုတွေ့ဆုံသည်။ တိုင်းအစိုးရအဖွဲ့ဝင်များ နုတ်ထွက်ပေးရန် မြိတ်လူထုက တောင်းဆိုသည်။
  • ဖေဖော်ဝါရီ ၁၄ – ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်အတွင်း ရာထူးမှ ဖယ်ရှားပေးရန် ဆန္ဒပြခံထားရသည့် တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းအား အပြည့်အဝထောက်ခံကြောင်း လက်မှတ်ကို မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူသည်။
  • ဖေဖော်ဝါရီ ၁၈ – မြိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ငါးအမှုန့်ကြိတ်စက်ရုံများမှ အနံ့ဆိုး ထပ်မံထွက်ရှိ လာပါက အပြီးအပိုင်ပိတ်သိမ်းရန် တိုင်းအစိုးရအနေဖြင့် ညွှန်ကြားသင့်ကြောင်း အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူ၏ တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီက တိုင်းလွတ်တော်တွင် အစီရင်ခံသည်။
  • ဖေဖော်ဝါရီ ၂၈ – တနင်္သာရီမြစ်ရေကိုယူပြီး မြိတ်မြို့သို့ ရေသန့်ပေးမည့် စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမိတက် ဥက္ကဋ္ဌက စတုတ္ထအကြိမ်မြောက် ရှယ်ယာရှင်များ စုံညီအစည်းအဝေးတွင် ပြောသည်။
  • နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တနင်္သာရီတိုင်း ခရီးစဉ်အတွင်း မေးခွန်းမေးမြန်းခဲ့သူများနှင့် တိုင်ကြားစာပေးပို့ခဲ့သူများအား ခေါ်ယူကာ လုပ်ငန်းပြီးစီးမှုအခြေအနေများကို တိုင်းအစိုးရက ရှင်းပြသည်။
  • မတ် ၁ – တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားသည်ကို လက်မခံဟု တနင်္သာရီမြို့နယ်ခန်းမတွင် သက်ဆိုင်ရာနှင့် ပြုလုပ်သည့် အစည်းအဝေးတက်ရောက်သူ ဒေသခံ ၂၀၀ ဦးကျော်အနက် အများစုက ပြောသည်။
  • မတ် ၃ – ကျွန်းစုမြို့နယ်အတွင်း ပုစွန်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ခိုင်ဇင်ယော်ကုမ္ပဏီနှင့် ပြည့်ဖြိုးထွန်း ကုမ္ပဏီတို့က ခွင့်ပြုချက်မရှိဘဲ ဒီရေတော ဧကထောင်ချီ အပြောင်ရှင်းနေသည်ကို မည်သည့် အချိန်တွင် တားမြစ်ပြီး အမြန်ဆုံးအရေးယူသွားမည်နည်းဟု ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်းက အမျိုးသားလွှတ်တော်တွင် မေးခွန်းထုတ်သည်။
  • မတ် ၁၉ – တိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ တိုင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်တို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်သည်။
  • မတ် ၂၈ – ထားဝယ်ခရိုင်လျှပ်စစ် ကော်မတီသစ်ကို ဖွဲ့စည်းသည်။
  • အာရှအပြည်ပြည်ဆိုင်ရာ ရေလုပ်ငန်းကုမ္ပဏီနှင့် ဒေသခံများ မြေယာလုပ်ကိုင်ခွင့် အငြင်းပွားနေသည့် လောင်းလုံးမြို့နယ် ကြက်လွှတ်ကျေးရွာ မြင်းခွာအော်ကမ်းခြေရှိ မြေဧက ၃၀ ကျော်ကို ဒေသခံတောင်သူများ အား လုပ်ပိုင်ခွင့်ပြုရန် တိုင်းအစိုးရက လုပ်ပိုင်ခွင့်ပြုခဲ့သည်။
  • ဧပြီ ၁၉ – ပြည့်ဖြိုးထွန်းကုမ္ပဏီနှင့် ခိုင်ဇင်ယော် ကုမ္ပဏီတို့ လုပ်ကိုင်နေသည့် ကျွန်းစုမြို့နယ်အတွင်းရှိ ခွင့်ပြုချက်မရရှိသေးသည့် ပုစွန်မွေးမြူရေး စီမံကိန်းများကို ရပ်ဆိုင်းထားရန် သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးမှ အသိပေးသည်။
  • ဧပြီ ၂၃ – ဟိန္ဒားသတ္တုတွင်းတွင် သတ္တုတူးဖော်ထုတ်လုပ်ခွင့်ရထားသည့် မြန်မာပွန်ပီပက်ကုမ္ပဏီက ကုမ္ပဏီ၏ လုပ်ငန်းစဉ်များနှင့် သိလိုသည်များကို တိုင်းလွှတ်တော်သို့ လာရောက်ရှင်းပြခဲ့သည်။
  • မေ ၄ – NLD အစိုးရလက်ထက် တနင်္သာရီတိုင်း၏ ပထမဆုံးသော နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးအချို့ မြိတ်မြို့သို့ လာရောက်သည်။
  • မေ ၉ – မြိတ်မြို့ ကျောက်ဖျာကျေးရွာအုပ်စုရှိ နည်းပညာတက္ကသိုလ်ကျောင်းဝင်း ဧရိယာထဲပါရှိနေသည့် မြေများအတွက် တစ်ဧက ကျပ် သိန်း၁၀၀ နှုန်း နစ်နာကြေးပေးရန် သဘောတူသည်။
  • မေ ၁၅ – မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား အဆင့်တိုးမြှင့်ရန် နှစ်နိုင်ငံ နယ်နမိတ်ကို စနစ်တကျ တိုင်းတာရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူးက ပြောသည်။
  • မေ ၂၁ – မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအတွင်းရှိ အစိုးရချေးငွေမရသည့် လယ်သမားများအား ဥုဆန်စက်ပိုင်ရှင် လယ်တစ်ဧက ကျပ်တစ်သိန်းခွဲနှုန်းဖြင့် လယ်သမား ၄၅ ဦး၏ လယ်ဧက ၃၈၀ကျော် အတွက် ထုတ်ချေးခဲ့သည်။
  • မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်များမှ အခြားမြို့များနည်းတူ တနင်္သာရီမြို့ကိုပါ မြန်မာ့ ရုပ်မြင်သံကြား၏ မိုးလေဝသအစီအစဉ်တွင် ထည့်သွင်းကြေညာပေးရန် တနင်္သာရီမြို့သို့ရောက်လာသည့် တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကို တနင်္သာရီ မြို့ခံတစ်ဦးက တောင်းဆိုသည်။
  • ဇွန် ၉ – ပုလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းခင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကင်းရှိန်တို့ကို လူအင်အား ၃၀၀ ဖြင့် ဆန္ဒပြသည်။
  • ဇွန် ၂၁ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟို နာယက အဖွဲ့ဝင် ဦးဝင်းထိန်က ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းနှင့် ပတ်သက်ပြီး ပါတီသို့ တိုင်ကြားထားသည့်ကိစ္စကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းသွားမည်ဟု NLD ဗဟို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောသည်။
  • ဇွန် ၂၁ – မြိတ်တွင် စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းမိသည်။
  • ဇွန် ၂၇ – မြိတ်မြို့ ကမ်းနားလမ်း ပြည်တော်သာလှေဆိပ်အနီးနှင့် မြိတ်ပြည်သူ့ဆေးရုံကြီးအရှေ့တို့ တွင် အစားအသောက်များ အခမဲ့ယူနိုင်သည့် Fသသိ ဩထ နှစ်ခု စထားသည်။
  • အများပြည်သူ အသွားအလာအများဆုံးဖြစ်သည့် မြိတ်မြို့ ဆိပ်ငယ်ဘောတံတားတွင် အများသုံး အိမ်သာဆောက်လုပ်ရန် လာမည့် ဘဏ္ဍာနှစ်တွင် တင်ပြထားကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုးက ပြောသည်။
  • ဇွန် ၂၁ – ရေရှားမှုကို ဖြေရှင်းနိုင်ရန် မဇောကျေရွာအုပ်စု ဘန်မဲ့ရွာသားများက သစ်ပင်ကြီးများ ပေါက်နေသည့် မြေ ၃ ဧကကို ဝယ်ယူထိန်းသိမ်းသည်။
  • ဇူလိုင် ၃ – သစ်ယာ၀ – သမုတ်တံတား ကျိုးကျသည်။
  • ဇူလိုင် ၁၃ – ကန်ဖျားကုန်စိမ်းဈေးမှ ဆိုင်ခန်းအားလုံး ပြောင်းသည်။
  • ဇူလိုင် ၁၆ – မြိတ်လမ်းဘေးတွင် ရပ်ထားသည့်ကားအချို့ မှန်ရိုက်ခွဲခံရသည်။
  • ဇူလိုင် ၁၈ – မြေအောက်အပူစွမ်းအားဖြင့် လျှပ်စစ်ပေးရန် ကုမ္ပဏီ ၂ ခုက မြိတ်ဒေသခံတို့ကို လာရှင်းပြသည်။
  • ဇူလိုင် ၂၉ – ပသောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးကို ပြန်ခန့်ပေးရန် ဒေသခံ ၅၀၀ ကျော် ဆန္ဒပြသည်။
  • ဩဂုတ် ၁ – မောတောင် – ထုံခါလမ်း လမ်းအသုံးပြုခ စကောက်သည်။
  • ဩဂုတ် ၇ – ခရိုင် ကမ်းနီးငါးဖမ်းလှေအသင်းကို ဖွဲ့သည်။
  • ဩဂုတ် ၇ – တရားမဝင် ရွှေတူးယန္တရားသံထည် ၂ စီး တနင်္သာရီမြစ်အတိုင်း သိန္ဓောရွာသို့ မျောလာသည်။
  • ဩဂုတ် ၉ – ရေကြီးသဖြင့် ကျောင်း ၃၀ ကျော် ပိတ်သည်။
  • ဩဂုတ် ၁၂ – တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ်ကျော်လွန်ကာ ၂၆ ပေ ၆ လက်မအထိ တက်သည်။ လူ ၂၃၃၅၂ ဦး ရေဘေးသင့်ခဲ့သည်။
  • ဩဂုတ် ၂၁ – ရေကြီးသဖြင့် ပိတ်ထားသည့် ကျောင်းအားလုံး ပြန်ဖွင့်သည်။
  • စက်တင်ဘာ ၁ – ထူးကဲဒီရေကြောင့် သစ်ယာဝတွင် တာရိုးကျိုးကာ လယ်ဧက ၅၀၀ ခန့် ရေမြုပ်သည်။
  • စက်တင်ဘာ ၆ – တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်သည်။ ၂၁ ပေ ၈ လက်မ ရှိခဲ့သည်။ လူ ၄၄၃၀ ဦး ရေဘေးသင့် ရွှေ့ပြောင်းရသည်။
  • စက်တင်ဘာ ၂၅ – ကလွင်အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ရွာသား ၂၀ က တိုင်းအစိုးရကို တိုင်သည်။
  • အောက်တိုဘာ ၂၆ – ရေနံမြေ နံနက်ငါးဈေး အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးသို့ ပြောင်းသည်။
  • အောက်တိုဘာ ၂၉ – အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးရောက် နံနက်ငါးဈေးအား မူလနေရာသို့ ပြန်ပြောင်းရန် စည်ပင်စာထုတ်သည်။ ဈေးသည်များက မပြောင်းနိုင်ဟု တုံ့ပြန်သည်။
  • နိုဝင်ဘာ ၁၁ – ရေမြစ်ကြီးတွင် ၁၃ ပေအရှည် ငမန်း(ဝစီပြောက်)အသေတစ်ကောင် ဖမ်းမိသည်။
  • ဒီဇင်ဘာ ၇ – ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဖိုရမ် ကျင်းပသည်။
  • ဒီဇင်ဘာ ၉ – အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုသွားရောက်ရင်ဆိုင်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လူထုထောက်ခံပွဲ ကျင်းပသည်။