ပြာကို မြေသြဇာအဖြစ် အသုံးပြုခြင်း

0
1590

(၁) သစ်သားပြာများကို ခြောက်သွေ့သောရာသီ အပင်များမစိုက်မီကာလတွင် မြေဆီအဖြစ် ထည့်သွင်းပေးခြင်း အားဖြင့် သုံးနိုင်ပါတယ်။ ပိုတက်ရှ်ပါဝင်မှု နှင့် အခြားသော အာဟာရများကြောင့် အပင်များ ကောင်းမွန်စေပါတယ်။

မြေချဉ်တာကိုလည်း ပြင်ဆင်ပေး နိုင်တာကြောင့် သစ်သားပြာများက အသုံးဝင်သော ပစ္စည်း တစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် မြေချဉ်တာကို မကြိုက်တတ်တဲ့ အပင်တွေ (ဘလူးဘယ်ရီလို၊ တောင် ဇလပ်ပန်းလိုမျိုး) တွေမှာ သုံးပေးနိုင်ရင် အကောင်းဆုံးရလဒ်ကို ရနိုင်တာဖြစ်ပါတယ်။

(၂) ပေ ၃၀ ပတ်လည် (၁၀၀၀ စတုရန်းပေ သို့ ၉၃ စတုရန်းမီတာ သို့ ၁၀ မီတာ ပတ်လည်) လောက်မှာဆိုရင် သစ်သားပြာ ပေါင် ၂၀ (၉ ကီလိုဂရမ်)ကို သုံးပေးရမှာပါ။

သတိထားရမှာက အပုံလိုက် သုံးရမှာမဟုတ်ဘဲ ပျံနှံ့နေအောင် သုံးပေးရမှာ ဖြစ်ပါတယ်။ ပုံနေရင် ဆားစုတဲ့ ပြဿနာ ဖြစ်တတ်လို့ပါ။

(၃) မြေဆွေးပုံ ပုံတဲ့နေရာမှာလည်း အလွှာတစ်ခုအနေနဲ့ ပြာကို ဖြူးဖြူးပြီး ထည့်ပေးနိုင်ရင် မြန်မြန်ဆွေးပါတယ်။

(၄) သစ်သားပြာတွေနဲ့ ရွှံ့မြေတွေ ပွလာ မွလာအောင်လည်း ပြင်ပေးလို့ရပါသေးတယ်။

(၅) အိမ်က စိုက်ပျိုးခြံလေးမှာ ပိုးလေးတွေ ကျနေတယ်ဆိုရင် ပြာကို ရေမှာဖျော်ပြီးတော့ ပက်ဖျန်းပေးလိုက်လို့ ရပါတယ်။ မိုးကြီးကြီးရွာရင်တော့ ပြန်ဖျန်းပေးရပါမယ်။ ပျားတွေ ခရုတွေနဲ့ ရွက်ဖြတ်ပိုးတွေကို ပြေးစေပါတယ်။

သတိပြုစရာ အချက်ကလေးတွေ

(၁) လေအရမ်းမတိုက်တဲ့နေ့ကို ရွေးပါ။ ပြာတွေက လေထဲလွင့်ပြီး ဆုံးရှုံးနိုင် တာနဲ့ နောက်ထပ် ကိုယ်လိုတဲ့နေရာကို မကျရောက်ဘဲ တခြားနေရာတွေကို ကျရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။

(၂) လက်အိတ်စွပ်ပါ။ အသက်ရှူ လမ်းကြောင်းထဲ မဝင်အောင်လို့ နှာခေါင်း စွပ်တပ်ပေးပါ။ မျက်စိကိုလည်း ကာကွယ်ပေးပါ။ ပြာမှာ Lye ပါနေလို့ပါ။

(၃) စက္ကူပုံးတွေ၊ ကော်အမှိုက်တွေ၊ ဆေးသုတ်ထားတဲ့ သစ်သားတွေကရတဲ့ ပြာတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်နေတာ ကြောင့်ဖြစ်ပါတယ်။

(၄) များများသုံးမိရင် မြေငန်တာမျိုး ဖြစ်နိုင်တာကြောင့် ကိုယ့်မြေက မြေချဉ်ငန် ကိန်းကို သိဖို့ လိုပါတယ်။ အဲ့ဒါကတော့ သတိပြုရမယ့် အချက်ဖြစ်ပါတယ်။

(၅) သစ်မာသားတွေက အပျော့သား တွေထက် ပြာ ၃ ဆလောက် ပိုထွက်ပါတယ်။

Ref- https://www.wikihow.com/Use-Ashes-As Fertilizer

ရင်းမြစ် – https://greenwaymyanmar.org/article/125503

Htunn Win Kyaw