နီလာဆောင် ဖျက်ခွင့်ပေးပါ

0
433

ထားဝယ်ပညာရေးကောလိပ်တွင် သင်တန်းသားများအတွက် အဆောက် သစ်ဆောက်ရေး နီလာအမည်ရ အဆောင် ဟောင်းဖျက်သိမ်းခွင့် လိုအပ်နေသည်။

သင်တန်းသား ၁၅၀ ဆန့် ၃ ထပ် အိပ်ဆောင်သစ် ဆောက်လုပ်ရန် ရန်ပုံငွေ ချပေးထားပြီး ဖြစ်သော်လည်း အဆောင်သစ် မည်သည့်အချိန်တွင် စတင်ဆောက် လုပ်နိုင်မည်ကို မည်သူမျှ တပ်အပ် မပြောနိုင်သေးပေ။

အဆောင်သစ်ဆောက်ရန်နေရာတွင် မူလရှိနေသည့် နီလာဆောင်ကို ဖျက်သိမ်းခွင့် တင်ထားသော်လည်း လက်ရှိအချိန်ထိ ခွင့်ပြုမိန့် မကျသေးကြောင်း ထားဝယ်ပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက ပြော သည်။

နီလာဆောင်မှာ ပျက်စီးယိုယွင်း နေသဖြင့် လက်ရှိတွင် ပိတ်ထားသည်။

“အဆောင်သစ် ဆောက်မယ့်နေရာ မှာ အဆောင်ဟောင်းတွေ ဖျက်သိမ်းခွင့် တင်ထားတယ်။ ဖျက်သိမ်းခွင့် ရရင် တော့ အဆောင်သစ် အမြန်ဆုံး ဆောက်ရ မယ်ပေါ့”ဟု ကျောင်းအုပ်ကြီးက ပြောသည်။

ထားဝယ်ပညာရေးကောလိပ်တွင် ကျောင်းသား/သူ ၄၇၄ ဦး ကျောင်းအိပ် ကျောင်းစား ပညာသင်နေကြသည်။

လက်ရှိတွင် ကျောင်းသူများကို ကောလိပ်ဝင်းအတွင်းရှိ ထားဝယ် တက္ကသိုလ်ပိုင် ပိတောက်ဆောင်တွင် ထားဝယ်တက္ကသိုလ်အား အကူအညီ တောင်းကာ ထားထားရကြောင်း ကျောင်း အုပ်ကြီးက ပြောသည်။

ကျောင်းသားများကိုမူ ဆရာ/ဆရာမ အဆောင်အား ပြင်ဆင်မွမ်းမံပြီး ထားရကြောင်း ဆရာမကြီးက ပြောသည်။

Dawei Watch