ကျောင်းသားအားကစားပွဲ တနင်္သာရီ တိုင်းက ရွှေအများဆုံးဖြင့် ထိပ်ပြေး

0
840

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတွင် တနင်္သာရီတိုင်းက ရွှေတံဆိပ်ဆယ့်လေးခုဖြင့် ပထမဆု သိမ်းပိုက်ထားကြောင်း ကျောင်းသားအားကစား အဖွဲ့ခေါင်းဆောင် ဦးဝင်းနောင်က ပြောကြားသည်။

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော် ပြေးခုန်ပစ်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းက ကစားသမား ၂၈ ဦးဝင်ရောက်ယှဉ်ပြိုင်ရာ ရွှေတံဆိပ်ဆု ၁၄ ခု၊ ငွေတံဆိပ် ၂ ခု၊ ကြေး ၄ ခုဖြင့် စုစုပေါင်း ဆု ၂၀ ခု ရရှိထားသည်။

တိုင်းနှင့်ပြည်နယ် ကျောင်းသား အားကစားပွဲတော်တွင် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် အားကစားနည်းများကို သွားရောက် ယှဉ်ပြိုင်လျက် ရှိသည်။

ပြိုင်နေဆဲ အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ အမျိုးသား ဘောလီဘော အသင်းတို့မှ ကွာတားအဆင့်ကို တက် ရောက်သွားပြီဖြစ်ပြီး အမျိုးသမီး ဘောလီဘော အသင်းမှာ အုပ်စုပြိုင်ပွဲ ယှဉ်ပြိုင်နေဆဲဖြစ်ကြောင်း အမျိုးသမီး ဘောလုံးအသင်းနည်းပြ ဦးကျော်ဝင်းဇော်က ဒီဇင်ဘာလ ၂၈ ရက်က ပြောသည်။အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မူ တနင်္သာရီတိုင်းသည် အုပ်စုအဆင့်မှ ထွက်သွားပြီဖြစ်ကြောင်း ဦးကျော်ဝင်းဇော်က ပြောသည်။

ကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်မှ ဇန်နဝါရီလ ၂ ရက် အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပလျက် ရှိသည်။

ကျောင်းသားအားကစားပွဲများကို ယခုနှစ်တွင်သာ ပြန်လည် ကျင်းပခြင်း ဖြစ်သည်။

တိုင်းနှင့်ပြည်နယ်မှတစ်ဆင့် အရွေးခံ ရပါက ၂၀၂၀ တွင်ကျင်းပမည့် ၁၂ ကြိမ် မြောက် အာဆီယံကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း ကျောင်းသား အားကစားပွဲတော်သို့ ကျောင်းသူ၊ ကျောင်းသား ၁၂၃ ဦး သွားရောက် ယှဉ်ပြိုင်လျက် ရှိသည်။

မိုးမြင့်၊ ကျော်သူစိုး