ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်စာဗေဒင် ဟောကိန်း

0
631
Bay-Din

၃၀- ၁၂ -၂၀၁၉ မှ ၅ – ၁-၂၀၂၀ အထိ

တနင်္ဂနွေ
အင်တာဗျူး၊ စာမေးပွဲ၊ ပညာရေးကိစ္စများ အဆင်ပြေမည်။ လုပ်ငန်းနေရာအပြောင်းအလဲ ဖြစ်တတ်သည်။ အစစအရာရာ အဆင်ပြေမည့်ကာလ ဖြစ်သည်။ ကျန်းမာရေး ဂရုပြုရမည်။ အတိုက်အခံ ပြောဆိုရတတ်သည်။ မေတ္တာရေးသည်ကား အိပ်မက်များ တကယ်ဖြစ်လာတော့မည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အညိုရောင်
အကျိုးမပေးသော အရောင် – ဇီးရောင်၊ ခဲရောင်
မစားသင့်သော အစားအစာ – ဘဲဥ၊ စိမ်းစားဥ
ယတြာ – မုန့်ဖက်ထုပ် ဘုရားဆွမ်းတော်ကပ်လှူပါ။

တနင်္လာ
လူလိမ် ခံရတတ်သည်။ ခရီးတစ်ခု သွားရမည်။ ဆွေမျိုးသားချင်းထဲမှ သင့်ကို ကူညီမစလိမ့်မည်။ လူသုံးကုန်ဇိမ်ခံပစ္စည်းများ ဝင်မည်။ အစာအိမ်ရောဂါများ သတိထားပါ။ မိမိအိမ်ရှိ လူကြီး မိဘများ၏ကျန်းမာရေး ဂရုပြုရမည်။ မေတ္တာရေးသည်ကား ချစ်သူက သင့်အနား ရှိနေသည်ကို သင်သတိမမူ ဖြစ်နေသည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – အပြာရောင်၊ လိမ္မော်ရောင်
မစားသင့်သော အစားအစာ – ခရု၊ ဘဲသား
ယတြာ – သက်ကြီးရွယ်အိုများအား အစာအဟာရ လှူဒါန်းပါ။

အင်္ဂါ
ဗမာထီ ကံစမ်းပါ။ နိုင်ငံရပ်ခြားခရီးများ သွားရတတ်သည်။ မတော်တဆ ထိခိုက်မှု ဖြစ်တတ်သည်။ ယာဉ်ရောင်းဝယ်ခြင်းမှ ငွေရရှိမည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ မေတ္တာရေးသည် ကား ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေပါမည်။
အကျိုးပေးသော အရောင် – အစိမ်းရောင်၊ အပြာရောင်
အကျိုးမပေးသော အရောင် – အနီရောင်၊ အဝါရောင်
မစားသင့်သော အစားအစာ – အုန်းနို့၊ ငါးချဉ်
ယတြာ – ဗောဓိညောင်ပင်အား ရေသက်စေ့ လောင်းလှူပါ။

ဗုဒ္ဓဟူး

မြေ ဝင်မယ်။ လူမျိုးခြားအမျိုးသမီးတစ်ယောက်က သင့်ကိုကူညီလိမ့်မည်။ ခရီးအသွားအလာ ဂရုစိုက်ပါ။ အလုပ်အကိုင်နှင့်ပက်သက်၍ စိတ်ပင်ပန်းရတတ်သည်။ ကျန်းမာရေး ဂရုစိုက်ရမည်။ ပညာရေး အဆင်ပြေမည်။ မေတ္တာရေးသည်ကား အချစ်ကသင့်ကို ဝေဓနာတွေပေးနေသော ကာလဖြစ်သည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ အစိမ်းရောင်
အကျိုးမပေးသော အရောင် – အနက်ရောင်၊ ဇီးရောင်
မစားသင့်သော အစားစာ – အမဲသား၊ ပြောင်းဖူး
ယတြာ – ပန်းသီးကိုခွဲစိပ်ပြီး ဘုရားဆွမ်တော်ကပ်လျူပါ။

ကြာသပတေး
ဘုရားဖူးခရီးများ သွားရမည်။ ပညာရေးကိစ္စများ အဆင်ပြေမည်။ ယခုလ၌ ယာဉ် မဝယ်ပါနှင့်။ ငွေကြေးများစွာ ဝင်လာမည်။ လုပ်ငန်းနှင့်ပတ်သက်၍ အခက်အခဲတွေ့လေ ကောင်းလေဖြစ်မည်။ မိတ်ဆွေများနှင့် စိတ်ဝမ်းကွဲမှု ဖြစ်တတ်သည်။ မေတ္တာရေးသည်ကား သင့်ရဲ့အနာဂတ်ကချိုမြိန် ပါလိမ့်မည်။
အကျိုးပေးသော အရောင် – အနီရောင်၊ အဝါရောင်
အကျိုးမပေးသော အရောင် – ပြောက်ကျား၊ အနက်ရောင်
မစားသင့်သော အစားအစာ – သီဟိုစေ့၊ ငရုတ်သီး
ယတြာ – ကိတ်မုန့်ကိုလှီး၍ ဘုရားဆွမ်းတော်ကပ်လှူပါ။

သောကြာ
စက်ပစ္စည်းတစ်ခု ဝင်မည်။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေမည်။ ဘာပဲ ဆောင်ရွက်ဆောင်ရွက် ယခုအချိန် အဆင်ပြေမည်။ ငွေကြေးများ ဆတိုးဝင်လာမည်။ သွား၊ ခံတွင်းနှင့်ပတ်သက်၍ ကျန်းမာရေး ဂရုပြုပါ။ မေတ္တာရေးသည်ကား အစစအရာရာ အဆင်ပြပါမည်။
အကျိုးပေးသော အရောင် – အဝါရောင်၊ အနက်ရောင်
အကျိုးမပေးသော အရောင် – လိမ္မော်၊ အဖြူရောင်
မစားသင့်သော အစားအစာ – အမဲသား၊ ငါးချဉ်
ယတြာ – ဘုရားတစ်ဆူဆူ၌ လျှပ်စစ်မီးအတွက် ရည်စူးငွေလှူဒါန်းပါ။

စနေ
လုပ်ငန်းများ အဆင်ပြေချောမွေ့မည်။ ပန်ကာ၊ ငေမခသည စသော စက်ပစ္စည်းများ ဝင်မည်။ ထီ(သို့)ထီနှင့် အလားတူ ငွေဝင်မည်။ ကျန်းမာရေး အညံ့မရှိပါ။ ပညာရေး အဆင်ပြေမည်။ မေတ္တာရေးသည်ကား ပျော်ရွှင်ကြည်နူးရမည်။
အကျိုးပေးသော အရောင် – အပြာရောင်၊ ပြောက်ကျား
အကျိုးမပေးသော အရောင် – အဝါရောင်၊ ဇီးရောင်
မစားသင့်သော အစားအစာ – ဝက်သား၊ ငါးချဉ်
ယတြာ – နှင်းဆီ ၇ ပွင့် ဘုရားပန်းကပ်လှူပါ။

လိုရာဆန္ဒပြည့်၀နိုင်ပါစေ
ဆရာရွှေစင်မြတ်(Geology)
ဝေဒလက္ခဏသုတေသီ