သင်ရိုးညွန်းတမ်းများ၏ ဧရိယာပြင်ပ

0
717

မနေ့ တစ်နေ့ဆီက အဝေးသင်ဘွဲ့ တွေ စည်ကားသိုက်မြိုက်စွာ ယူခဲ့ကြပြီးပြီ။ မကြာခင်ကာလမှာလည်း နေ့ကျောင်း တက်လူငယ်တွေ အသီးသီးဘွဲ့တွေ ယူကြ ဦးမယ်။

ပညာစုံလို့ လောကအလယ် တိုးဝင်လာကြတော့မယ်။ မိဘတွေ မျှော်လင့်တောင့်တခဲ့တဲ့ ဘွဲ့ရဓာတ်ပုံလှလှလေးတွေကလည်း ဧည့်ခန်းမဆောင်တွေဆီမှာ နေရာယူကြတော့မယ်။

ဝါသနာပါလျက်နဲ့ ဆယ်တန်းအမှတ်တွေကြောင့် စွန့်လွှတ်ခဲ့ရတဲ့ ကိုယ့်နှစ်သက်ရာဘွဲ့တွေလည်း ရှိလေရဲ့။ ဝါသနာမပါပေမယ့် အမှတ်တွေကို နှမြောပြီး ဝါသနာမဲ့စွာ သင်ယူခဲ့တဲ့ဘွဲ့တွေလည်း ရှိကြပေမပေါ့။ ဘာပဲဖြစ်ဖြစ် အောင်မြင် တဲ့သူတွေကတော့ မကြာခင်မှာ ဘွဲ့တွေယူကြ၊ ရကြတော့မယ်ပေါ့ဗျာ။

လူဆိုတာကလည်း အခက်သား မဟုတ်လား။ ကိုယ့်ကိုကိုယ် အထင်ကြီး တတ်တဲ့အမျိုးဗျ။
ပြောရဦးမယ် (ကိုယ့်အကြောင်းလေး ပေါ့)။ ကျောင်းလေးမတောက်တစ်ခေါက်တက်ပြီးလို့ အလုပ်ထဲဝင်မယ်ပေါ့ဗျာ။ ဘဝင်တွေက နားထင်ထိရောက်လို့လေ။ အမှတ် (၁) ပင်မစက်ပြင်အလုပ်ရုံ ၉ မိုင်၊ ရန်ကုန်မှာ။ အလုပ်အတွက် အင်တာဗျူး ဖြေခဲ့တုန်းက ကျုပ်အတွန့်တက်ခဲ့တာလေး။

“မင်းက စက်ပြင်ဌာနမှာ အလုပ်ဝင် ရမယ်”တဲ့။

“ဟာ … ကျွန်တော်က Machine Tool (တွင်ခုံ-ဖောက်ခုံ)နဲ့ပြီးတာ ခင်ဗျား” လို့ ပြောလိုက်တော့ “အဟတ်ဟတ်ဟား”တဲ့။
ညွှန်ချုပ်လုပ်တဲ့လူက ရယ်ပါလေရော။ ပြီးတော့ ပြောလိုက်သေးတယ်။
“မင်းတို့ ဘာမှမယ်မယ်ရရ မတတ် ပါဘူးကွာ။ ငါပို့တဲ့နေရာမှာ မင်းအဆင် ပြေသွားလိမ့်မယ်”တဲ့။

စော်ကားခံရသလို နင့်ခနဲခံစား လိုက်ရတယ်။ စဉ်းစားကြည့်တော့ ကျုပ်သုံးလေးနှစ်သင်ခဲ့ရတဲ့ပညာတွေကို မထီလေးစား။ အပြင်လောကမှာ ဘာမှ သုံးစားလို့မရတော့ဘူးလားပေါ့။

အင်း … ဟုတ်လည်း ဟုတ်ပါရဲ့ဗျာ။ တကယ်တမ်း အလုပ်ထဲရောက်သွားတော့ သူတို့ပြောသလိုပါပဲ။ ဘာမှ မယ်မယ်ရရ ဟုတ်တိပတ်တိ ဘာတစ်ခုမှ အဆင်မပြေခဲ့ဘူး။

ပင်လယ်ပြင်ကြီးထဲရောက်သွားတဲ့ လှေငယ်တစ်စင်းလိုပါပဲ။ လူတွေအများကြီးနဲ့ ဆက်ဆံရတယ်။ အပြုသဘောဆောင်တဲ့သူတွေ၊ အပြစ်ကို အမြဲတမ်း ထောက်ပြတဲ့သူတွေ၊ အလုပ်ကိုမလေးစားတဲ့သူတွေ၊ “မလုပ် မရှုပ် မပြုတ်” နေတဲ့လူတွေ အယူအဆပေါင်းများစွာကြားမှာ ကမ္ဘာကြီးက လုံးလိုက်ပြားလိုက် အေးလိုက်ပူလိုက် လင်းလိုက် မှောင်လိုက်နဲ့ ငြင်းခုံနေကြတဲ့ လောကကြီးမှာ မျက်နှာငယ်စွာ ရှင်သန်ခဲ့ရဖူးတယ်လေ။

လက်တွေ့အသုံးချဖို့ မပြည့်စုံတဲ့ ပညာတွေနဲ့ နောင်တော်ကြီးတွေ ခိုင်းတာလုပ်ရင်းအချိန်ကုန်ခဲ့ဖူးတယ်။ စိတ်ပျက်ခဲ့ဖူးတယ်။

စာသင်ခန်းတွေနဲ့ သင်ရိုးညွှန်းတမ်းတွေရဲ့ပြင်ပဧရိယာကိုရောက်လာတော့ နဖူးတွေ့ ဒူးတွေ့ ဘဝကိုရင်ဆိုင်လာရတဲ့အခါ ကိုယ့်ကိုကိုယ် အထင်ကြီးခဲ့တာတွေဟာ ဘယ်နားရောက်ပြီး ဘယ်ချောင် ကပ်သွားတယ်မသိ။ တကယ်ချွေးပြန်ခဲ့ဖူးတယ်လေ။

ကိုယ့်သားသမီးတွေရဲ့ခေတ်ရောက်လာတော့ ကိုယ့်အတွေ့အကြုံတွေဟာ သူတို့အတွက် သင်ခန်းစာလေးတစ်ခုအဖြစ် သိစေချင်တယ်။

အရာရာကိုပြင်ဆင်ပြီးမှ လူ့လောကထဲ တိုးဝင်ကြမလား။ ဒါမှမဟုတ်တိုးဝင်ရင်းနဲ့ သင်ယူကြမလား။ နောက်ထပ်မေးခွန်းတွေက ကျောင်းပြီးရင်ဘာလုပ်မလဲ ဆိုတာတွေ ကိုယ်ရတဲ့ဘွဲ့ ပါရဂူအထိ ဆက်တက်ကြမလား။ ဂျပန်နဲ့စင်္ကာပူပဲ ထွက်ကြမလား ဆိုတာတွေ ကိုယ်ယူတဲ့ ဘွဲ့ဆိုတာကရော ကိုယ့်ဝါသနာနဲ့ မပတ်သက်ခဲ့ရင် တိုးတက်ဖို့ဆိုတာ မီးရထားသံလမ်းနှစ်ခုလို မျဉ်းပြိုင်တွေ ဖြစ်နေဦးမှာပဲလေ။ ဝါသနာမပါဘဲ ယူခဲ့ရတဲ့ ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့တွေကရော အမှတ်တွေကို နှမြောခဲ့တဲ့ နောင်တတွေနဲ့ သီချင်းတွေ ဆိုနေကြဦးမယ်မဟုတ်လား။ အမှတ်မပြည့်လို့ ဆေးတက္ကသိုလ်တွေကို ရင်နာနာနဲ့ စွန့်ခွာခဲ့ရသူတွေ၊ ရူပဗေဒနဲ့ ကျောင်းပြီးခဲ့ပြီး ရွာမှာလယ်ပြန်ထွန်ကြသူတွေ၊ သင်္ချာနဲ့ပြီးလို့ ကျေးလက်မှာ ချွေး ထွက်အောင် စိုက်ပျိုးမွေးမြူနေကြ သူတွေကရော စာသင်ခန်းထဲမှာ အဆင့် (၁) ရအောင် ကုန်းရုန်းကျက်ခဲ့တဲ့စာတွေက ဘယ်လောက်ထိ အထောက်အကူ ပြုနိုင်ကြမလဲ။

တချို့ဆို အနာဂတ်နဲ့ပန်းတိုင်ရယ် လို့ တိတိကျကျ မရှိပဲသူများဘွဲ့ရ ကိုယ်ဘွဲ့ရလောက်ပဲ တာဝန်ကျေ မိဘတွေကို ဖြေသိမ့်စေရင်း ယူခဲ့ကြတဲ့ဘွဲ့တွေကရော ဓာတ်ပုံမှတ်တမ်းလေးကလွဲလို့ အဓိပ္ပါယ် ကင်းမဲ့စေခဲ့တယ် မဟုတ်လား။

တချို့မိဘတွေကိုယ်တိုင်ကလည်း ဧည့်ခန်းလေးလှရုံလောက်ပဲ ရည်ရွယ်ခဲ့ ပြီး တန်းဝင်ရုံသက်သက်နဲ့ တွန်းတင်ခဲ့ ကြ။ ဒီတော့ ရေလိုက်ငါးလိုက်ဆိုတဲ့ လောကရဲ့ သင်ရိုးညွှန်းတမ်းမရှိတဲ့ သင်ခန်းစာတွေက ရှေ့တန်းရောက်လာကြ တယ်လေ။

တချို့လူငယ်တွေက ဘွဲ့တစ်ခုရပြီ ဆိုတာနဲ့ သင်ယူမှုတွေအားလုံးပြီးဆုံးသွား ပြီလို့ ထင်ခဲ့ကြတယ်လေ။ တကယ်တော့ လောကရဲ့ ပင်လယ်ပြင်ထဲရောက်မှ သင်ရိုးညွှန်းတမ်းမရှိတဲ့ သင်ခန်းစာတွေက ဘောပင်နဲ့စာရွက်တွေကို ပိုပြီး အလုပ် ရှုပ်စေခဲ့တာ အမှန်ပေါ့။

ကိုယ်ရွေးချယ်မည့်လမ်း၊ ကိုယ်မှန်း ထားတဲ့ပန်းတိုင်၊ ကိုယ်အားကျတဲ့ပုဂ္ဂိုလ်၊ ကိုယ်လုပ်ရမည့် အလုပ်တွေအတွက် ဆည်းပူးခဲ့တဲ့ပညာတွေအပြင် အသိ၊ သတိ၊ လုံ့လဝိရိယတွေ စိုက်ထုတ်ရဦး မယ်။ လောကဒဏ်ရဲ့ လှိုင်းတံပိုးတွေ အောက် နစ်မြုပ်မသွားဖို့ ကြံ့ကြံ့ခံရင် ဆိုင်ဖို့ဆိုတာ ဝမ်းစာပြည့်ဖို့လိုတယ် မဟုတ်လား။

လောကထဲ စဝင်လာတာနဲ့ ကျရှုံး တာမျိုး၊ ဘေချိ ဆိုတာနဲ့ ကွဲလဲတာမျိုး မဖြစ်စေရလေအောင် ဆိုတာ အစစ ပွဲမဝင်ခင် အပြင်မှာ ကျင်းပရမယ်လေ။

“မင်းလဲကျသွားတာကို မစိုးရိမ်ဘူး၊ ပြန်မထနိုင်မှာကိုပဲ စိုးရိမ်တယ်”လို့ အမေရိကန်သမ္မတဟောင်း လင်ကွန်းလား မသိ ဆိုခဲ့ဖူးတယ်။ ဒီလိုခွန်အားရှိတဲ့ အဆိုအမိန့်တွေကိုလည်း ကိုယ့်ဘဝထဲမှ ဝန်းရံထားစေချင်တယ်လေ။

လူငယ်တွေဆိုတာ အနာဂတ်ရဲ့ရောင်ခြည်တွေလေ။ ကိုယ်နေတဲ့အသိုက် အဝန်းလေးတစ်ခု အနည်းဆုံး ကိုယ့်မိသားစု လေးပဲ ဖြစ်ဖြစ် ဦးဆောင်နိုင်သူတစ်ယောက် ဖြစ်စေချင်တယ်။ မိသားစုတိုင်းမှာ လူတော်မရှိပေမယ့် လူတော်ရှိတဲ့ မိသားစု တိုင်းကတော့ သူများနောက် မရောက်နိုင် ဘူးပေါ့။ ဒီလိုပါပဲ နိုင်ငံနဲ့ချီလိုက်ရင်လည်း ကမ္ဘာကို ရင်ဘောင်တန်းနိုင်ဖို့အတွက် လူငယ်တွေ အတော်များများ လိုအပ်နေပြီ မဟုတ်လား။

ငယ်ငယ်က ကြားဖူးတဲ့ စကားလေး “တောတိုင်းမှာစန္ဒကူးမရှိပေမယ့် စန္ဒကူး ရှိတဲ့ တော့တိုင်းကတော့ မွှေးပျံ့သင်း ကြိုင်စမြဲ”မို့ ”ဘွဲ့” တစ်ခုကို တာဝန်ကျေ ယူခဲ့သည်ဖြစ်စေ၊ ဝါသနာနဲ့ထပ်တူကျသည် မကျသည်ဖြစ်စေ၊ သင်ယူမှုတွေကို ရပ်တန့်မပစ်ကြပါနဲ့။ စာသင်ခန်းတွေရဲ့ အလွန်ဧရိယာပြင်ပမှာ ဆက်လက် သင်ကြားကြပါဦးစို့လို့ ပြောပါရစေ။

လင်းလက်