လွတ်လပ်ရေးနေ့ မိုက်ခရိုမာရသွန် အပြေးပြိုင်ပွဲဝင်သူများကို အင်္ကျီပေးမည်

0
698

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိုက်ကရိုမာရသွန်အပြေးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူများအား အင်္ကျီတစ်ထည်စီ ထုတ်ပေးမည်ဖြစ်ကြောင်း တိုင်းအား ကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

သူက အဝေးကြီးကို ပင်ပင်ပန်းပန်း ပြေးရတာလေ၊ တို့က အင်္ကျီနဲ့ စည်းရုံးရတာပေါ့”ဟု အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ပြိုင်ပွဲတွင် ပါဝင်လိုပါက မြို့နယ်၊ ခရိုင်၊ တိုင်းအား/ကာသို့ လာရောက်စာရင်း ပေးသွင်းနိုင်ပြီး ပထမဆု ငွေကျပ် တစ်သိန်းခွဲ၊ ဒုတိယဆု ငွေကျပ်တစ်သိန်း နှစ်သောင်း၊ တတိယဆု ငွေကျပ်တစ် သိန်း၊ နှစ်သိမ့်ဆု ၁၀ ဆု ငွေကျပ်ငါးထောင် စီ ချီးမြင့်ပေးမည့်အပြင် ပန်းဝင်သူတိုင်းကို ငွေကျပ် ၁၀၀၀ စီချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အထက်ပါဌာန ထံမှ သိရသည်။

မိုးမြင့်