မော်လမြိုင်တက္ကသိုလ်နှင့် အမေရိကန်တက္ကသိုလ်တစ်ခု ပညာရေးဖလှယ်ရေး လက်မှတ်ထိုး

0
825

မွန်ပြည်နယ်ရှိ မော်လမြိုင်တက္ကသိုလ်နှင့် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့အခြေစိုက် Purdue University တို့အကြား ပညာရေးနှီးနှောဖလှယ်နိုင်ရန်အတွက် နားလည် မှုစာချွန်လွှာ ရေးထိုးခဲ့ကြသည်။

ထိုသို့ နားလည်မှု စာချွန်လွှာရေး ထိုးနိုင်ခြင်းကြောင့် နှစ်ဘက်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်း သားများ အပြန်အလှန်လည်ပတ် ပညာသင်ယူနိုင်သည့် အခွင့်အရေးရနိုင် မည်ဟု ဆိုသည်။

“ဒီမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသူကျောင်းသားတွေဟာ ဖို့တ်ဝိန်း မှာ သွားပြီးတော့ ပညာများ လေ့လာသင် ယူလို့ အခွင့်အရေးရသလိုမျိုး အမေရိက မှာရှိတဲ့ ဆရာ၊ ဆရာမ ဒီမြန်မာပြည် မှာလာပြီးတော့ ပညာများကို နှီးနှောဖလှယ်တဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားများအတွက်လည်း အများကြီးအထောက်အကူဖြစ်ပါတယ်” ဟု Purdue University မှ Chancellor Mr. Ron Elsenbaumer က ပြောသည်။

မော်လမြိုင်နှင့် ဖို့တ်ဝိန်းတို့ကို ညီအစ်မမြို့တော်အဖြစ် ၂၀၁၆ ခုနှစ်က နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတို့ သဘော တူထားသည်။

ယင်းနောက် မော်လမြိုင်မြို့နှင့် ဖို့တ်ဝိန်းမြို့တို့အကြား ပထမခြေလှမ်း အနေနှင့် ပညာရေးဖလှယ်ရေးအစီအစဉ် ကို စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ယဉ်ကျေးမှုဖလှယ်ရေး၊ စီးပွားရေးဖလှယ်ရေး ခရီးသွားလုပ်ငန်း ဖလှယ်ရေးအစီအစဉ်များနှင့် အခြားသော နယ်ပယ်များတွင်လည်း ပိုမိုရင်းနှီးစွာ လေ့လာဆည်းပူးနိုင်သည့် အခွင့်အလမ်း များရရိလာနိုင်မည်ဟု ဆိုသည်။

“ကျွန်မတို့ တက္ကသိုလ်တွေက နိုင်ငံခြားတက္ကသိုလ်တွေနဲ့ MoU ထိုးလေ့ထိုးထ ရှိပါတယ်။ အဲလိုထိုးထား ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူ တွေရဲ့ နိုင်ငံခြားအတွေ့အကြုံတွေရဖို့ Students Exchange Program (ကျောင်းသား အပြန်အလှန် ဖလှယ်ရေး အစီအစဉ်)တွေ၊ Staff Exchange Program (ဝန်ထမ်းတွေ အပြန်အလှန် ဖလှယ်ရေး အစီအစဉ်) တွေ အမြဲတမ်း ရတဲ့အတွက်ကြောင့် ပိုပြီးတော့ ခေတ်မီ တိုးတက်တဲ့ပညာရေးစနစ်ကို တက်လှမ်း နိုင်မှာပါ။ ပြီးတော့လည်း Research (သုတေသန) တွေကိုလည်း အများကြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်”ဟု မော်လမြိုင် တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာ မီမီစိန်က ပြောသည်။

မော်လမြိုင်တက္ကသိုလ်သည် ဝိဇ္ဇာ ဘာသာရပ် ၉ ခုနှင့် သိပ္ပံဘာသာရပ် ၅ ခုတို့ သင်ကြားနေပြီး နေ့ကျောင်းသူ ကျောင်းသား ၆၀၀၀ ကျော်နှင့် အဝေးသင် ကျောင်းသူ ကျောင်းသား တစ်သောင်းကျော် တက်ရောက်နေသည်။

၁၈၄၉ ခုနှစ်တွင် တည်ထောင်ခဲ့သော Purdue University တွင် ကျောင်းသား လေးသောင်းကျော် တက် ရောက်နေသည်။

Dawei Watch