ထားဝယ်မြို့ပေါ်တွင် စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိ

0
2131

ထားဝယ်မြို့ပေါ်တွင် ဒီဇင်ဘာလ ၁၀ ရက်က စိတ်ကြွဆေးပြား တစ်သောင်းခွဲနီးပါး ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဝဲကမန်းထိန်လယ်ရပ်ကွက်ရှိ အသက် ၂၄ နှစ်အရွယ်ရှိ အမျိုးသား၏ နေအိမ်သို့ မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေ ခဲ့ရာ အိမ်ရှင်အမျိုးသားနှင့်အတူ အိုးလုပ်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၀ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးကို တွေ့ရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းတို့အနီးတွင် WY စိတ်ကြွဆေး ၁၄၉၉၀ ပြားထည့်ထားသည့် ပလပ်စတစ် အိတ်ကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

စိတ်ကြွဆေးများနှင့် ပတ်သက်၍ ၎င်းတို့ကို စစ်ဆေးရာ အဆိုပါ စိတ်ကြွဆေး များကို စိစစ်ဆဲအမျိုးသမီးတစ်ဦးနှင့် တလိုင်းထိန်ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ဝယ်ယူ ခဲ့သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကွင်းဆက်ဖြစ်သည့် တလိုင်းထိန် ရပ်ကွက်နေ အမျိုးသား၏ နေအိမ်ကို သွားရောက်ရှာဖွေရာ အဆိုပါအမျိုးသား နှင့်အတူ ဆေးရှူကိရိယာ ၁ခုကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ဖမ်းမိမှုနှင့် ပတ်သက်၍ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ကို သက်ဆိုင်ရာ မူးစိတ်ပုဒ်မဖြင့် ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

Dawei Watch